Chapter 10

8.4K 803 25
                                    

Unicode✅

ဂျုံးဂု...အိမ်အောက်ထပ်က.. ဧည့်ခန်းထဲမှာ...ပါးနဲ့မားနဲ့...သူ့မိဘအရင်းတေဘာတေပြောနေကြလဲသူစိတ်မဝင်စား... သူပြန်လည်းလိုက်မသွားချင်... သို့သော် တစ်ဖက်က သူ့ရဲ့အတွေ့ချင်ခဲ့ဆုံးသောမိသားစုအရင်းတေ တစ်ဖက်က အခုသူ့မျက်စိရှေ့တည့်တည့်က ငြိမ်ငြိမ်လေး သတိလစ်အိပ်ပျော်နေတဲ့ သူသိပ်ချစ်မြတ်နိုးရပါတဲ့ ထယ်နဲ့ ....သူ့ရဲ့ပါးနဲ့မား... ဝေခွဲ၍မရပေ.......

ထယ်တအားလန့်သွားသည်ထင်ပါသည်.... သူလည်းထယ်လဲကျသွားတုန်းကတအားစိတ်ပူသွားခဲ့သည်.... ရုတ်တရက်မထင်မှတ်ထားဘဲနေ့ချင်းညချင်းပြောင်းလဲသွားသောအခြေအနေတစ်ခုကို...ထယ်လည်းလက်မခံနိုင်ခဲ့သလို....သူလည်း...လက်မခံချင်ပါ...ဝေခွဲရခက်သောအတွေးပေါင်းများစွာဖြင့်..သူ့ခေါင်းတေရှုပ်ထွေးနေသည်မှာအမှန်ပင်..............

ထယ့်လက်ဖဝါးနုနုလေးတွေကိုအသာဆုပ်ကိုင်ပြီး... ဆံပင်အိအိလေးတေကိုအသာငုံ့နမ်းကာတိုးတိုးလေးပြောမိသည်....
"ထယ်...ရယ်...ကိုယ်ကမင်းကိုဘလိုလုပ်ထားခဲ့ရက်မှာလဲကွာ...."

###############

"သား...ဂျုံးဂု...အောက်ခဏဆင်းလာဦးသားလေး... ထယ်လေးကနိုးလာမှာပါ... လန့်သွားလို့... အောက်မှာလူကြီးတွေစောင့်နေတယ်သား....."

"ဟုတ်...မား..."
မားလက်ကိုဆွဲကာ အောက်ထပ်ဆင်းတော့... အဘွားဟုပြောသောသူက သူ့ကိုအသာလက်လာဆွဲကာ... သူ့ဘေးနားထိုင်စေသည်....

" သား ဂျုံးဂုလေးကို ဖြစ်နိုင်ရင် အခုပဲseoul ကိုခေါ်သွားချင်တယ်....Mr.Kim.."

"ဗျာ...."
ဂျုံးဂု... အံသြစွာရေရွတ်လိုက်မိသည်...မြန်လွန်းသည်...မြန်လွန်းသည်မဟုတ်ပါလား... သူထယ့်ကို မနှုတ်ဆက်ရသေးဘူး...ထယ်လည်းမနိုးသေးဘူး.... ထယ်နဲ့လည်းမခွဲနိုင်သေးဘူ...ချက်ချင်းကြီးလေ...ဘလိုလုပ်ဖြစ်နိုင်မှာလဲ....

"အဲ့...အဲ့တာကတော့..သူဋ္ဌေးကတော်ကြီး..ဂျုံးဂုကလည်းကျွန်တော့်သားပါပဲ...မွေးစားထားပေမယ့်... မွေးစားသားလို့ဘယ်တော့မှမမှတ်ထားဘဲ... သားအရင်းလိုသားထယ်လေးနဲ့အတူ ကြီးပြင်းစေခဲ့တာပါ...ချက်ချင်းကြီးကျတော့... ကျွန်တော်တို့လည်း... တကယ်လက်မခံချင်ဘူး... "

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now