Chapter 12

7.9K 750 35
                                    

Unicode✅

"... ထယ်ယောင်း... ဒီနေ့အိမ်ပြန်လာတာစောတယ်နော်..."

မျက်နှာချင်းဆိုင်... အခန်းက ဦးလေးကြီးက... သူ့အိမ်တံခါးကို သော့ဖွင့်ရင်လှမ်းပြောတော့...ထယ်ယောင်း... လှည့်ကြည့်ကာရယ်ပြလိုက်သည်....

"ဟုတ်...ဦးလေး...ဒီနေ့...နေ့တစ်ဝက်နားလိုက်တာ... နယ်ပြန်ဖို့... "

"အော်...ပြန်မို့လား... သော့တေလည်းသေချာခတ်သွားဦးနော်...မီးတေသေချာစစ်...ဂရုစိုက်ပြန်ဦး...."

"ဟုတ်...ဦးလေး...သားအကုန်စစ်ကြည့်သွားလိုက်မယ်..."

"အေအေ.... "

"ဟုတ်..."

ထယ်ယောင်းတိုက်ခန်းတံခါးကိုသော့ဖွင့်ပြီးဝင်ကာ... ဆိုဖာပေါ်
လွယ်အိတ်ကိုပစ်ချလိုက်ပြီး.... ... တကိုယ်လုံး ပစ်လှဲချလိုက်သည်....

"ဟူး.............."
သက်ပြင်းရှည်ကြီးချကာ... အမောဖြေရသည်... နယ်ပြန်ဖို့တော်တော်
စဉ်းစားနေရသည်.... အကြောင်းကတော့... မားရဲ့ကျန်းမာရေး....
မားရဲ့ကျန်းမာရေးကတဖြည်းဖြည်းဆိုးလာနေသည်....တိတိကျကျ
ပြောရရင်... ဂျုံးဂု...America ထွက်သွားပြီးတစ်နှစ်လောက်အကြာ
မှာဖြစ်ခြင်းဖြစ်သည်... ရောဂါစုံရကာ..ကျန်းမာရေးကခဏခဏမ
ကောင်း..... ဆေးရုံဆေးခန်းနဲ့...အိမ်နဲ့...ခဏခဏခေါက်တုံ့ခေါက်ပြန်...... ပါးကလည်းစီးပွားရေးအခြေအနေတွေသိပ်အဆင်မပြေတော့... အရင်က ပါးကိုကူညီနေကြ companyတစ်ခုက အထောက်အပံ့တေရုတ်တရက်ရပ်ဆိုင်းလိုက်သဖြင့် ပါးအဆင်မပြေဖြစ်နေရခြင်းဖြစ်သည်.....

ဒါမယ့်...သူအထက်တန်းအောင်ပြီးတော့...ပါးကဆိုးလ်မှာတက္ကသိုလ်ဆက်တက်ခိုင်းသည်.... ထိုသို့ကျောင်းတက်ဖို့အတွက်ပါးက...သူ
အရင်တည်းက ခြစ်ကုပ်စုထားသောငွေတွေနဲ့...ဆိုးလ်မှာ ဈေးအသင့်အတင့် ရှိသောတိုက်ခန်းကိုဝယ်ပေးထားသည်ကို..သူရောမားရော
နောက်ကျမှသိရသည်....

မားကတစ်ခါတလေ ဆိုးလ်မှာသူနဲ့အတူလာနေပေးပေမယ့်လည်း... ကျန်းမာရေးအခြေအနေကြောင့် နယ်မှာပဲနေသည်...နယ်မှာပဲဆေးခန်းပြသည်....ဆိုးလ်မှာပြရင်..ဆေးဖိုးစရိတ်ဈေးကြီးတော့ပါးအတွက် အခက်အခဲဖြစ်မှာစိုးလို့တဲ့.... ပါးနဲ့မား ပင်ပန်းရတာကိုကြည့်ပြီး...သူ
တက္က့သိုလ်ဆက်မတက်တော့ဘဲ...အလုပ်လုပ်မယ်ပြောတော့...ပါးကဆူသည်...သူ့ကိုပညာတတ်တစ်ယောက် ဖြစ်စေချင်တဲ့ပါးကထိုကိစ္စကိုလက်မခံ... ဒါ့ကြောင့်သူလည်းလက်လျှော့ကာ...တက္ကသိုလ်တက်ပြီး...စာပဲသေချာလုပ်နေခဲ့ခြင်းဖြစ်သည်...

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now