Chapter 15

9.2K 841 30
                                    

Unicode✅

"ထယ်ယောင်း... အကြာကြီးမနေနေနဲ့တော့လေ... အေးလာပြီ..
မင်းထိုင်နေတာလေးနာရီလောက်ရှိပြီ... ပြန်ကြရအောင်လေ... "

"ငါမပြန်ချင်သေးဘူး..ယွန်းဂီ.. မင်းပြန်နှင့်လေမင်းလည်းစောင့်ရတာ
ကြာနေပြီ .. ငါနောက်မှလိုက်လာခဲ့မယ်....ငါ...ငါ..ပါးနဲ့မခွဲနိုင်သေးဘူး...."

ခေါင်းကြောမာကာ.သူ့အဖေ မီးရှို့သဂြိုလ်တဲ့နေရာမှာ.. ပြာအိုးလေး
ကိုင်ပြီး.ပေတေပြီး....ငူငူငိုင်ငိုင်...ထိုင်နေသောထယ်ယောင်းကြောင့်
ယွန်းဂီ ..သက်ပြင်းရှည်ကြီးသာချနေရသည်....

သူငယ်ချင်း...အင်း... သူ့ဘဝမှာ.. သူငယ်ငယ်ကကျောင်းနေ
သူငယ်ချင်းများနဲ့ခွဲခွာရပြီး... မိသားစုလိုက်..ဆိုးလ်ပြောင်းလာ
တည်းက... သူငယ်ချင်းဆို၍ ဟုတ်တိပတ်တိ မရှိ... ကျောင်းပြီးချိန်ထိလည်း...သူငယ်ချင်းဆို၍ တစ်ဦးတစ်ယောက်မှရေရေရာရာမရှိခဲ့ချေ...
ထယ်ယောင်းတို့ရပ်ကွက်နားကိုပြောင်းလာပြီး..လမ်းကြားလေးထဲမှာ
လူရမ်းကားတွေလက်ထဲက ထယ်ယောင်းကို... ပေါက်ကရလေးဆယ်
အကြံထုတ်ကာ ကယ်ခဲ့ပြီးနောက်... ထယ်ယောင်းနဲ့ ခင်မင်လာခဲ့
သည်....အလုပ်လုပ်ချင်သော်လည်း...အိမ်ကလူတွေကရွှေပေါ်မြတင်
ပိုးမွေးသလိုမွေးထားရသောတစ်ဦးတည်းသောသားကို..မပင်ပန်းစေ
ချင်ပါ... မလုပ်ပါနဲ့..ဟုအတင်းအကြပ်တားသောကြောင့် အလုပ်ခွင်ဆိုတာလည်းဘာမှန်းမသိသေးပေ.... အိမ်ကအမေဖွင့်ထားတဲ့ပန်းဆိုင်
မှာသာ..ဆိုင်ထိုင်ပေးနေရသည်....

နဂိုတည်းက ဘသူ့ကိုမှဂရုမစိုက်သလိုပုံစံနဲ့နေလာခဲ့ပေမယ့်
စိတ်ထားကောင်းသဘောထားကောင်းပြီး..ရိုးသားပွင့်လင်းတဲ့
ထယ်ယောင်းကြောင့်...ခင်မင်တာရက်ပိုင်းပဲရှိသေးပေမယ့်...သူ့ဘဝမှာလိုအပ်နေခဲ့တဲ့... သူငယ်ချင်းအဖြစ်သတ်မှတ်ခဲ့သည်....

ထယ်ယောင်းအဖေဆုံးတော့...သူကြားကြားရချင်း.. စိတ်မကောင်းအလွန်ဖြစ်ခဲ့မိသည်... သူ့သူငယ်ချင်းလေးဘဝကိုဘယ်လိုမျိုး
တစ်ယောက်တည်းဖြတ်သန်းမလဲ... တွေးပူမိ၍ သက်ပြင်းချရသည်မှာ
အကြိမ်ရေမနည်းတော့...

"ထယ်ယောင်း...ပြာအိုးလေးယူခဲ့မှာပဲလေကွာ.. ပြာအိုးလေးမင်းယူ
ခဲ့လို့ရတာပဲ...လာပါကွာ... ငါ့စကားနားထောင်ပါ... ထကွာ..."

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now