Part~1💕Z+U

16.9K 645 11
                                    

ဆောင်းမနက်စောစောမို့ မြူခပ်ဆိုင်းဆိုင်းဖြစ်နေသော "Monster "ကျောင်းကြီးက အတန်ငယ် တိတ်ဆိတ်နေသည်

" Monster "ကျောင်းတော်ကြီးကား တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကြီး အနုပညာသင်တန်းကျောင်းတစ်ခုဖြစ်သည်

မနက်ငါးနာရီဆိုသော အချိန်ကာလသည် မည်သည့်ကျောင်းသားမှ ကျောင်းလာသော အချိန်မဟုတ်ပေ

သို့ပေမဲ့ ထိုကျောင်း၏ ခေါင်မိုးထပ်၌ ဆောင်းမနက်ခင်းနဲ့အတူ အနုပညာတစ်ရပ်အား ဖန်တီးနေသော လူငယ်တစ်ယောက်ရှိနေသည်

ဆောင်းမနက်ခင်း၌ နေမင်းတစ်ပိုင်းတစ်စထွက်ပေါ်လာသော ပန်းချီကားအား အသက်ဝင်အောင်ဖန်တီးနေသော သူသည် နေထွက်ချိန်၌ ပထမဆုံးဖြာထွက်လာသော လင်းရောင်ခြည်နှင့်အတူ အနုပညာဆန်လွန်းလှသည်

စုတ်တံတစ်ချောင်းကို ကျွမ်းကျင်စွာကိုင်ထားလျက် ကင်းဘတ်ပေါ် လှုပ်ရှားနေသော သူ့လက်လေးတွေသည် သေးသွယ်သွယ်ဖြင့် သိပ်ကိုအချိုးကျစွာ လှပလွန်းသည်

နောက်ဆုံးစုတ်ချက်ဖြင့် ဖန်တီးထားသောအနုပညာအားအဆုံးသတ်လိုက်ပြီးနောက် အစွန်းနားထိ လျှောက်သွားကာ မျက်စိမှိတ်၍ လက်နှစ်ဖက်ကိုဆန့်တန်းလျက် မနက်ခင်း၏ လတ်ဆတ်သော လေနုအေးလေးတွေအား ရှိုက်သွင်းလိုက်သည်

သူသည်ကား Monster သင်တန်းကျောင်း၏ ပန်းချီမေဂျာမှ တတိယနှစ်ကျောင်းသားလေး Byun Baek Hyun ပင်

" ELdorado " Hotel လုပ်ငန်းစု၏ သားငယ်ဖြစ်ပေမဲ့ အနေအေးသောသူ့အား ကျောင်း၌ သတိထားမိသူ မရှိသူဖြစ်သည်

ကင်းဘတ်ပေါ်က စာရွက်လေးအားလိပ်ကာ ကျောပိုးအိတ်လေးထဲထည့်၍ ကျန်တဲ့ပစ္စည်းတွေသိမ်းပြီး အောက်ဆင်းရန်ပြင်လေသည်

အချိန်အားဖြင့် ခြောက်နာရီခွဲသည် ကျောင်းသားတစ်ချို့ရောက်နေကြပြီဖြစ်ပြီး အတန်းမတက်ခင် ခေါင်မိုးထပ်လာတတ်သော သူများလည်းရှိသည်

သူတို့နှင့်မဆုံရန် သူအမြဲရှောင်ရှားတတ်သည်မှာ အကျင့်တစ်ခုလိုဖြစ်နေပြီ အားနည်းချက်ရှိသောသူ့ဘဝအတွက် သူ့အားမည်သူမှသတိမထားမိသည်က ပိုအဆင်ပြေသည်

🌸 When I Touch To Love 🌸Where stories live. Discover now