Part~6💕Z+U

5.1K 438 4
                                    

LuHan:" BaekHyun ya Queen Krystal အရိုက်ခံရတာတော်တော်ပြင်းတယ်ထင်တယ် နှစ်ပါတ်ကျော်နေပြီ သတိမရသေးဘူးတဲ့ "

LuHan:" ဘယ်သူလုပ်တာလဲ မသိဘူး ဘာဖြစ်ဖြစ်ငါတော့ အဲ့လူကိုကျေးဇူးတင်တယ် ဟီး..အဲ့မိန်းမ မင်းကိုပြောဆိုနေတုန်းက ငါတစ်စဆီဆွဲဖဲ့ပစ်ချင်ခဲ့တာ ခုတော့ကောင်းတယ် ဆေးရုံရောက်သွားပြီအေးရော အကြောတွေဘာတွေသေသွား အေးတာပဲ ဟွန်း.."

Coffee တစ်ယောက်တစ်ခွက်စီကိုင်ကာ LuHan ပြောတာတွေကိုနားထောင်ရင်း အဆောင်ဘက်လျှောက်လာကြသည်

မနက်စောစောမို့အဆောင်နေကျောင်းသားလောက်သာရှိသည် ဒီနေ့တော့ အခန်းရှေ့ထိ လာစောင့်နေသော သူငယ်ချင်းလေးကြောင့် အရင်ရက်တွေလို အထီးကျန်မဆန်ခဲ့

Pinao အခန်းရှေ့ဖြတ်လျှောက်မိတော့ အခန်းထဲမှ piano လေးကဆွဲဆောင်နေ၏ piano တီးရတာသည်လည်း Baek ဝါသနာ တစ်ခုထဲပါသည်မို့ ခြေလှမ်းတွေက အခန်းထဲသို့အလိုအလျောက်လှမ်းမိသွားသည် LuHan လည်း  နောက်မှပါလာခဲ့သည်

LuHan:" Piano တီးတတ်လား BaekHyun "

Baek:<"omm နားထောင်မလား ငါအကြိုက်ဆုံးတေးသွားတစ်ပုဒ်တီးပြမယ်လေ ">

phလေးထုတ်ကာစာရေးပြလိုက်တော့ LuHan ကခေါင်းငြိမ့်ပြလေသည်

piano ခလုတ်လေးတွေပေါ်. Baek လက်လှလှလေးတွေကို တင်ကာ အလုပ်ပေးလိုက်ရင်း တေးသွားတစ်ခုအား စတင်တီးခတ်လိုက်သည်

ပြတင်းတံခါးနားရှိနေသော piano ခုံလေးကြောင့် Baek အကြည့်တွေအား အပြင်ဘက်ရှိအေးချမ်းလှသော ဆောင်းမနက်ခင်းဆီကိုပို့ထားလိုက်သည်

🎼 မမြင်တွေ့နိုင်တဲ့ မင်းလေးကို ရှာဖွေဖို့ ကြိုးစားဆဲပါ

🎼ကိုယ်မကြားနိုင်တဲ့ မင်းအသံလေးကို ကြားယောင်ဖို့ကြိုးစားဆဲပါ

🎼ကိုယ်မမြင်နိုင်တဲ့အရာတွေကို စတင်တွေ့မြင်လာပြီး

🎼ကိုယ်မကြားနိုင်တဲ့အသံတွေကို ကြားလာပြီး

🎼မင်းထားသွားပြီးတဲ့နောက်ပိုင်း အရင်တုန်းကမရှိတဲ့ စွမ်းအားတွေရရှိလာတယ်

🌸 When I Touch To Love 🌸Where stories live. Discover now