Part~9💕Z+U

5.2K 446 5
                                    

LuHan:" BaekHyun ya ဟိုးနေ့က မင်း အိမ်ပြန်မယ်ဆိုပြီး ဘယ်လိုလုပ်ဆေးရုံရောက်သွားရတာလဲ "

BaekHyun:<" အိမ်ပြန်တာပဲ အတန်းပြီးမှ ပြန်တော့ညနေစောင်းသွားတယ်လေ ဟန်မြစ်နားရောက်တော့ ခဏစိတ်ပြေလက်ပျောက်ထိုင်နေမိတာ နည်းနည်းကြာသွားတယ် သတိရတော့မှောင်နေပြီ မင်းသိတဲ့အတိုင်း ငါက လူရှင်းတဲ့နေရာမှာနေတတ်တော့ ငါရောက်နေတဲ့နေရာက လူပြတ်တယ် အာ့ကောင်လေးသုံးယောက်က ပထမတော့ပိုက်ဆံတောင်းတာပဲနောက်တော့ လူကိုပါ ထိခိုက်လာတယ် မူးလည်းမူလာကြတယ် သုံးယောက်တစ်ယောက်ဆိုတော့ ငါဘယ်လိုမှ မရုန်းနိုင်ဘူး ယောကျာ်းလေးချင်းစော်ကားခံရတာ ခံစားရခက် ရှက်လွန်းလို့ မျက်ရည်တွေပဲကျလာမိတယ် အဲ့ချိန်မှာ လူတစ်ယောက်ရောက်လာလို့ ငါကံကောင်းသွားတာ ဆေးရုံလည်းသူပဲပို့ပေးတာ ">

LuHan:" တော်သေးတာပေါ့ကွာ လူတွေကလည်း ယောက်ျားလေးတွေဘာတွေလည်း နားမလည်ကြတော့ဘူး မင်းကိုကယ်တဲ့သူကို ကျေးဇူးတင်ရမယ် "

BaekHyun:<" သူဘယ်သူလဲဆိုတာ မင်းသိရင် အံ့သြသွားမယ် ">

LuHan:"ဘယ်သူမို့လဲ "

BaekHyun:<" Park Chan Yeol''>

LuHan:" Byun Baek ရာ ဒီလောက်ဖြစ်တာတောင် လာနောက်နေသေးတယ် အာ့ကောင်က ဦးနှောက်ပျက်သွားလို့ မင်းကိုကယ်မှာလား မင်းကိုသေလုမတတ်ဒုက္ခပေးနေတာကို ''

BaekHyun:<''မင်းပြောသလိုပဲ သူဦးနှောက်ပဲပျက်နေလားတော့ မသိဘူး ဒါပေမဲ့ ငါတကယ်ပြောနေတာ ငါ့ကိုသူကယ်ခဲ့တာ ငါအကြောက်လွန်ပြီးသူ့ရင်ခွင်ထဲ သတိလစ်သွားတာ ဆေးရုံမှာလည်း တစ်ညလုံးသူစောင့်နေပေးတာ appaဆီလည်းသူပဲphဆက်ပေးတာ ''>

LuHan:" သူက မင်းအပေါ် ဘာလို့"

မယုံကြည်နိုင်ဖြစ်နေတဲ့ Lu Han အား ChanYeol၏ချစ်တယ်ဆိုသောစကားတွေကို မပြောပြမိခဲ့ပါ

SeHun:" Xiao Lu "

LuHan:" အဟွတ် ဟွတ်.."

ရှေ့မှ လာရပ်သော Phoenix ၏ Oh SeHunကြောင့် နှစ်ယောက်လုံးခြေလှမ်းတွေရပ်တန့်သွားရသည်

LuHan:" Oh Se Hun shi "

SeHun:" စာမေးပွဲပြီးရင် ကိုယ့်အတန်းရှေ့လာခဲ့ပါဆိုတာ မင်းသတိမရဘူးလား "

🌸 When I Touch To Love 🌸Where stories live. Discover now