Part~22💕Z+U

4K 335 25
                                    

Lu:" BaekHyun နေမကောင်းဘူးလား "

Yeol:" မသိဘူး ဒီရက်ထဲ သူအဲ့လိုပဲဖြစ်နေတယ် "

Hun:"ငါလည်းသတိထားမိတယ်"

ChanYeolပေါင်ပေါ်ခေါင်းတင်ရင်း အိပ်ပျော်နေသော Baekအားသူတို့အားလုံး ကြင်နာစွာကြည့်မိကြသည်

အတန်းချိန်လည်း မတက်ချင်ဟုဆိုသည်မှာလည်းလေးငါးရက်ခန့်ရှိနေပြီဖြစ်ပြီး တစ်နေရာရာကို အကြာကြီးကြည့်ကာ ငေးငိုင်နေတတ်သည်

ပြတင်းတံခါးမှ တိုးဝင်လာသောလေနုအေးက ချစ်ရသူ မျက်နှာထက် သက်ဆင်းလေတော့ ရွှေရောင်ဆံပင်အိအိလေးတွေက ဝဲလွင့်နေသည်

နဖူးပြင်ပြေပြေလေးမှ မျက်ဝန်းအိမ်မို့မို့လေးဆီ

မျက်ဝန်းအိမ်မို့မို့လေးမှ နှာခေါင်းလုံးလုံးလေးဆီ

ထိုမှတစ်ဆင့် ပါးပြင်နုနုဆီ နောက် နှုတ်ခမ်းပါးလေးတွေထိ အသာအယာတို့ထိမိရင်း Yeol ချစ်ရသူအား ငေးမောနေမိသည်

နူးညံ့လွန်းတယ် ပြည့်စုံလွန်းတယ်

ကိုယ်မြတ်နိုးလွန်းလို့ ရူးမှာပဲ အချစ်ရယ်

ကိုယ်လေ မင်းကို နာကျင်မှုတွေထဲ ဆွဲမခေါ်ရက်ဘူး ကိုယ်မင်းကို လက်လွတ်ပေးသင့်လား

ဟင့်အင်း ကိုယ်ရူးသွားမှာပေါ့

ဒါဆို ဘာဆက်လုပ်မလဲ

ဟင့်အင်း ကိုယ်မသိပြန်ဘူး

ဝေ့ဝဲတက်လာသည့် မျက်ရည်တွေကို ထိန်းချုပ်လိုက်ရင်း ကိုယ်လက်ထဲဆုပ်ကိုင်ထားသည့် သေးသွယ်သွယ် လက်လေးအား နမ်းရှိုက်လိုက်သည်

Yeol:" ငါတော့ သူ့ကိုချစ်လွန်းလို့ ရူးမှာပဲကွာ "

Yeol စကားသံက ခပ်တိုးတိုးပေမဲ့ တိတ်ဆိတ်နေသည့် အခန်းငယ်ကြောင့် သူငယ်ချင်းတွေအားလုံးလည်းကြားလိုက်မိသည်

အကြောင်းအရာ တွေအစုံအလင်သိနေသော သူတို့လည်း Yeolတို့အား သနားနေကြပေမဲ့ ကူညီရန်မတတ်စွမ်းသာ

စိတ်မကောင်းစွာပဲ ကြည့်နေရသည်

အချစ်နဲ့တွေ့တဲ့အခါ ကိုယ်ရဲ့နာကျင်မှုထက် ချစ်ရတဲ့သူ နာကျင်မှာကို ပိုကြောက်မိတယ်

🌸 When I Touch To Love 🌸Where stories live. Discover now