Part~11💕Z+U

5.5K 420 4
                                    

" ဒေါက်~ ဒေါက် ~သားငယ် ''

LuHan နှင့် အပြန်အလှန်စာပို့နေရင်း တံခါးခေါက်သံကြောင့် သွားဖွင့်ပေးတော့ Appa အခန်းထဲဝင်လာသည်

Baek'Appa:" နက်ဖြန်ကျ Appa ဂျယ်ဂျူကို သွားမလို့ Hotel အသစ်ကိုအခြေအနေသွား စစ်ဆေးမလို့ သားငယ်လည်းကျောင်းပိတ်ထားတာပဲ စိတ်အပန်းဖြေရအောင် တစ်ပါတ်လောက်လိုက်ခဲ့ပါလား "

Baek:<" nae အလုပ်ကိစ္စနဲ့သွားမှာဆိုတော့ သားလိုက်ရင်Appaအလုပ်ကိစ္စ အနှောင့်အယှက်ဖြစ်မှာလည်းစိုးတယ် ">

Baek'Appa:" Appa သားငယ်က ဘယ်တုန်းက ဆိုးဖူးလို့လဲ ပြင်စရာရှိတာပြင်ပြီးစောစောအိပ်တော့ မနက်ကျစောစောထွက်ကြမယ် "

Baek:<'' nae appa saranghae''>

Baek'Appa :" Appa လည်းချစ်တယ် သားငယ် "

Baek ကိုယ်လေးအား တစ်ချက်ထွေးပွေ့ရင်း အခန်းထဲကAppa ထွက်သွားသည်

ပြင်ဆင်စရာပြင်ပြီးသော်လည်း အိပ်မပျော်နိုင်သော စိတ်အစုံကြောင့် ပန်းချီခန်းထဲဝင်လာခဲ့သည်

လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ဒီအခန်းလေးထဲနေရာယူခဲ့သော ကောင်လေးတစ်ယောက်၏ ပုံတူပန်းချီကားလေးတွေက အခန်းတနေရာမှာ ပါကင်ပေပါလေးတွေဖြင့်ပိတ်ထားခြင်းခံရကာ ပိုင်ရှင်အသစ်ဆီသွားရန်အသင့်ဖြစ်နေသည်

လစ်ဟသွားသောနေရာတွေ၌ လွန်ခဲ့သော လပိုင်းကမှနေရာယူလာသော ကောင်လေးတစ်ယောက်၏ ပုံတူပန်းချီကားလေးတွေက အရင်ကပုံတူတွေထက်ပင်ပိုများလှသည်

ပြုံးခဲလှသော သူ့အပြုံးကို မိမိရရဖမ်းမိချိန်မြင်ကွင်းလေးက နှလုံးသားထဲဖျောက်ဖျက်မရအောင်စိုးမိုးခဲ့ဖူးသည်မို့ ဒီအခန်းငယ်လေးထဲလည်း ထိုအပြုံးလေးကဆက်လက်ဖြစ်တည်ခဲ့သည်

ပထမဆုံးနှင်းတွေကြားမှာ ရှာတွေ့ခဲ့တဲ့ အချစ်ကိုလည်း မှတ်တမ်းတင်ခဲ့ဖူးသည်

ဝေးဝေးကငေးကြည့်ဖူးသည့် ကျောပြင်ကျယ်ကိုလည်း လွမ်းဆွတ်နေကြောင်း ပန်းချီကားတစ်ချို့ကသက်သေပြထားသည်

🌸 When I Touch To Love 🌸Where stories live. Discover now