"Byun Min Hyun"💕

931 56 36
                                    

🌸 When I Touch To Love 🌸
°'°'°'°'°'°'°'°'°'°'°'°'°'°

"အနှိုင်းယှဉ်ခံရတာ ဘယ်လောက်နာကျင်ဖို့ကောင်းလဲ Chan နားမလည်ဘူး ကျွန်တော်ဘဝတစ်လျှောက် နှိုင်းယှဉ်ခံရခြင်းများစွာနဲ့ မိသားစုရဲ့အပယ်ခံဖြစ်ခဲ့ရတာ

အကောင်းဆုံးဆိုတဲ့အရာတွေ မိဘတွေရဲ့ချစ်ခြင်းမေတ္တာတွေလည်း Baek Hyun ကသာ အကုန်ရခဲ့တာ

ကျွန်တော့်အတွက်က နာကျင်မှုနဲ့အပယ်ခံဆိုတဲ့ ဂုဏ်ပုဒ်နှစ်ခုသာ

ငွေကြေးပြည့်စုံနေရက်နဲ့ အပယ်ခံမဖြစ်ဘူးလို့ဘယ်သူပြောလဲ

မိဘအစုံအလင်ရှိရက်နဲ့ မေတ္တာမငတ်ဖူးလို့ ဘယ်သူပြောလဲ

အရာရာပြည့်စုံတဲ့ ဘဝရှိနေပေမဲ့ တစ်စုံတစ်ယောက်ကြောင့် မနာကျင်ရဘူးလို့ ဘယ်သူပြောလဲ

ကျွန်တော့်ဘဝမှာ ချစ်ခြင်းတစ်ခုကြောင့် လူတစ်ယောက်ကြောင့် ပြုံးဖူးတာ Chan ခင်ဗျားကြောင့်ပါ

ရည်းစားဦးရှိခဲ့လို့ အချစ်ဦးဖြစ်မယ်လို့ ဘယ်သူပြောလဲChan

မချစ်ဖူးတဲ့အချစ်နဲ့ ရူးမိုက်စွာ ချစ်မိခဲ့တဲ့ အချစ်ဦးက ခင်ဗျားပါ Chan

Chan ကပါ ကျွန်တော့ကို ပစ်ပယ်ရင် ကျွန်တော် ရူးဖို့သာရှိတော့တယ်

ရုပ်ရည်လား BaekHyun နဲ့ချွတ်စွပ်ပါ

အချစ်တွေလား သူ့ထက်သာအောင်ချစ်ပေးမယ်

ကျွန်တော်အမူအကျင့်တွေလား အားလုံးပြောင်းလဲပေးပါ့မယ်

ကျွန်တော် လိမ္မာပါ့မယ် Chan

ကျွန်တော် လိမ္မာမှာမို့ ကျွန်တော့်ကို Chan ရဲ့အပယ်ခံ ဖြစ်ခွင့်မပေးပါနဲ့

Chan ရဲ့အချစ်တွေနဲ့ နာကျင်နေတဲ့ ကျွန်တော့်ကို မထွေးပွေ့ပေးနိုင်ဘူးလား Chan

Appa ကပစ်ပယ်ခဲ့ပြီးပြီ Chan

ခင်ဗျားကရော ပစ်ပယ်မယ်ဆို ကျွန်တော့်ကို သတ်သွားလိုက်ပါတော့လား

ကျွန်တော် လေ ကျွန်တော် ခင်ဗျားကို သိပ်ချစ်တယ် Chan "

                          " Byun Min Hyun "

°'°'°'°'°'°'°'°'°'°'°'°'°'°'°'°'°'°'°
သာသာ ဘာတွေလုပ်နေလဲနော် 🙄🙄🙄
#KarYan 🌸

🌸 When I Touch To Love 🌸Where stories live. Discover now