Part~28[Final Part]💕Z+U

8.1K 463 26
                                    

" ကလေးငယ် "

ကိုကိုဆုတောင်းတယ် ကလေးငယ်

မင်းရဲ့နာကျင်ခြင်းတွေကို လေပြေအဝှေ့မှာပျောက်ကွယ်သွားတဲ့ ပြာမှုန်လေးတွေလို ဒီဘဝမှာတင် လွင့်ပျယ်သွားပါစေလို့

ကလေးငယ် ကိုကိုဆုတောင်းတယ်

နောက်တစ်ဖန် ပြန်လည်မွေးဖွားခဲ့ရင် ချစ်ခြင်းမေတ္တာ ခွဲခြားခံရခြင်းမှ ကင်းဝေးပါစေလို့

ကလေးငယ် ကိုကိုဆုတောင်းတယ်

နောက်တစ်ဖန် ပြန်လည်ဆုံတွေ့ခွင့်ရှိကြရင် ကိုကို့အချစ်တွေမှာ ပျော်ရွှင်ပါစေလို့

ကလေးငယ် ကိုကိုဆုတောင်းတယ်

ကလေးငယ်ချစ်တဲ့ Chan ပျော်နေတာကိုကြည့်ရင်း ကောင်းကင်မှာ ငြိမ်းချမ်းစွာ အနားယူနေမယ်လို့

ကလေးငယ် ကိုကိုဆုတောင်းတယ်

တစ်ချိန်မှာ ကိုကိုတို့ဘဝထဲ ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ပြန်လာခဲ့ပေးပါလို့

ချစ်တယ် ကလေးငယ်

ဘဝမှာ အနက်ရှိုင်းဆုံးသော ချစ်ခြင်းတွေနဲ့ချစ်တယ်

YiXing ပါးပြင်ပေါ်က မျက်ရည်စတွေကို JunMyeon အသာအယာသုတ်ပေးလိုက်ရင်း ထွေးပွေ့ပေးမိသည်

Xing ခံစားနေရမှာ သူသိတာပေါ့

Xing က MinHyun ကိုဘယ်လောက်တောင်ချစ်ခဲ့လဲဆိုတာ သူအသိဆုံးလေ

မငိုပါနဲ့ Xing ရယ်

Jun အချစ်တွေကြောင့် အမြဲပျော်ရွှင်စေရမယ်လို့Jun သစ္စာပြုပါတယ်

MinHyun လည်း ဟိုးကောင်ကင်မှာ ငြိမ်းချမ်းပါစေ

"သားကြီး."

Appa တောင်းပန်ပါတယ်

အဆင်ပြေနေတယ်ဆိုပြီး လစ်လျူရှုခဲ့မိလို့

နေမကောင်းတဲ့သားငယ်ကိုပဲအရေးပေးရင်း သားကြီးရဲ့မျှော်လင့်နေတဲ့မျက်ဝန်းတွေကို မမြင်ခဲ့မိလို့

🌸 When I Touch To Love 🌸Where stories live. Discover now