Part~15💕Z+U

5.1K 364 0
                                    

အချစ်ကလေး၏ ဖြူနုနုလက်ကလေးအား ကိုယ့်လက်ဖဝါးကျယ်ထဲဆုပ်ကိုင်ထားချိန်၌ ကိုယ်ဟာ တလောကလုံးကို အပိုင်ရထားသောလူသားတစ်ဦးနှယ်

ဟန်မြစ်ကမ်းဘေး ကိုယ့်လက်ကိုတွဲလို့ လမ်းလျှောက်ချင်ပါသည်ဟူသော ကိုယ့်အချစ်၏ ဆန္ဒအရ SeHunတို့ကိုအရင် ပြန်လွှတ်ပြီး နှစ်ယောက်တည်းဟန်မြစ်ကမ်းဘေးရောက်လာခဲ့သည်

စကားပြောချင်တိုင်း ph သို့မဟုတ် စာအုပ် အသုံးပြုပြီးပြောရသည်ကြောင့် သိပ်အဆင်မပြေလှ ထို့ကြောင့် ကိုယ့်Hyunငယ်က သူ့Appaနဲ့စကားပြောသည့်အတိုင်း လက်ဟန်အသုံးပြုကာစကားပြောဖို့ ကိုယ့်အားသင်ပေးနေသည် LuHan ဆိုတော်တော်များများပင်နားလည်နေလေပြီ

ညလေအေးလေးတဖြူးဖြူးရယ် တံတားပေါ်ကဖြာကျသော မီးရောင်လဲ့လဲ့အောက်က လှုပ်လီလှုပ်လဲ့ ဟန်မြစ်ရေပြင်ကျယ်ကြီးရယ် ကိုယ့်ဘေးက လက်လေးတွေအား လှုပ်ရှားရင်း စကားလုံးတွေသင်ပြပေးနေသော ကောင်လေးရယ်ကြောင့် ထိုညခင်း၏အလှက ပိုမိုလှပခဲ့တယ်

ကျောင်းကနေတန်းခေါ်လာသောကြောင့် သူရောကိုယ်ရော အပေါ်ဝတ်နွေးနွေးထွေးထွေးမပါခဲ့

ညသို့တဖြည်းဖြည်းပိုတိုးဝင်လာလေ အေးစက်လာလေဖြစ်သောကြောင့် ချစ်ရသောသူ၏ နှုတ်ခမ်းရဲရဲလေးတွေသည်လည်း အရင်ထက်ပိုရဲကာ တုန်ရီလို့နေပြီ

ချစ်ရသူက လေတိုက်တိုင်းယိမ်းနွဲ့တတ်သည့် အပင်ငယ်လေးတွေလို နူးညံ့လွန်းလှသည်

အနားကခုံတန်းလေးတစ်ခုမှာ ထိုင်လိုက်ကြပြီး ကိုယ့်အပေါ်ထပ်ချွတ်ကာ အသေအချာဝတ်ပေးတော့ ငြင်းဆန်လေရဲ့

ကိုယ့်လက်လေးပေါ်သူ့လက်လေးဖြင့်တုန်ရီစွာရေးပြလာသည်က

Baek:<Yeol အေးနေမှာပေါ့ "> တဲ့

ခေါင်းအသာအယာခါပြလို့ အင်္ကျီကြယ်သီးလေးတွေသေချာတတ်ပေးလိုက်တယ်

Yeol:" ကိုယ်က ခံနိုင်ရည်ရှိတယ် Hyuneeဘာမှမဖြစ်ဖို့အရေးကြီးတယ် ကိုယ့်ချစ်သူလေးက အရမ်းနူးညံ့လွန်းတော့ ပိုဂရုစိုက်ရမယ် "

🌸 When I Touch To Love 🌸Where stories live. Discover now