Part~26💕Z+U

4.1K 332 24
                                    

နှစ်လ

နှစ်လဆိုသော အချိန်အတွင်းမှာ အရာအားလုံးက အများကြီးပြောင်းလဲသွားခဲ့သည်

Xing Hyung ကလည်း တစ်စထက်တစ်ထက် အခြေအနေတိုးတက်လာခဲ့သည်

Appaကိုလည်း Baek နဲ့အကြောင်းပြောပြမိတော့ သဘောတူပေးခဲ့တယ်

နှစ်ဖက်သောမိဘတွေ၏ အပြန်အလှန်တောင်းပန်မှုတွေကြား ချစ်ရသူနဲ့ ကျွန်တော်၏ အချစ်ရေးက လှပလာခဲ့ပြီ

Kris ချစ်သူ Tao ကတော့ Jame အကြောင်းစုံစမ်းနေပေမဲ့ Korea မှာလိုလို Japan မှာလိုလိုနဲ့အဆက်အသွယ်မရခဲ့ပါ

ဘာဖြစ်ဖြစ် အရာအားလုံးကိုမေ့ပျောက်ထားလို့ Hyunee နဲ့ကျွန်တော်ရဲ့ အချစ်လမ်းခရီးလေးကို ပိုမိုခိုင်မြဲအောင်ပဲ ကျွန်တော်တွေးတောနေမိသည်

နေပြန်ကောင်းကာစ Xing Hyungနဲ့ JunMyeon Hyung ကို ငဲ့ညာပါ ဆိုတဲ့ Omma နဲ့ ဘွားဘွားကြောင့် အချစ်ကလေးအား လက်ထပ်ခွင့်တောင်းမည့်ကိစ္စကို ရပ်တန့်ခဲ့ရပြီ

သူတို့၏ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တဲ့ နေ့က စေ့စပ်ပွဲ လေး လုပ်ခဲ့ကြတယ်

သိပ်ကိုပျော်ခဲ့တာ နာကျင်ခဲ့သမျှတွေ အားလုံးမေ့ပျောက်ပြီး ပြုံးပျော်နေခဲ့ကြတယ်

ချစ်ရသူရဲ့အပြုံးတွေကိုဖန်တီးပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်ကျွန်တော် ဂုဏ်ယူမိတဲ့ထိ ဖြစ်ခဲ့ရတယ်

အချစ်ကလေးက စေ့စပ်ပွဲနေ့ကဆို ရင်ခုန်လွန်း၍လားမသိ ကျွန်တော့နားပဲကပ်နေကာ LuHan တို့ကိုတောင် စကားသေချာမပြောဘူးလေ

အူကြောင်ကြောင်အပြုအမူလေးတွေနဲ့ ချစ်ဖို့သိပ်ကောင်းလွန်းတယ်

Japan ကို Omma နဲ့ ဘွားဘွားက အလည်လိုက်ခဲ့ဖို့ခေါ်တော့ ကျွန်တော်နဲ့ သူ့Appa တားပေမဲ့ လိုက်ချင်တယ်ဟုသာပြောနေ၍ လက်လျော့ကာခေါ်လာခဲ့ရသည်

ကလေးငယ်ရဲ့ အိပ်မက်ဆိုးတွေရေ ကိုယ့်ကလေးငယ်အပေါ် မသက်ရောက်ပါနဲ့တော့ကွာ

🌸 When I Touch To Love 🌸Where stories live. Discover now