2 : Wunna (Zawgyi)

8.4K 465 23
                                    


ချန်းခင်နဲ့ ကျွန်တော်က သူငယ်တန်းကတည်းကပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေ။ ပိန်ပိန်ပါးပါးနဲ့ ချန်းခင်ကို gay အဖြစ်နဲ့ ကျွန်တော် တစ်ခါမှမတွေးကြည့်ဖူးဘူး။ သူ့ကို gay လို့ မြင်လို့လည်းမရဘူး။ချန်းခင်က လူတိုင်းအပေါ်မှာ ( သူ့ထက်ငယ်တဲ့သူကိုတောင်) ယဉ်ယဉ်ကျေးကျေးပြောဆိုဆက်ဆံတတ်တဲ့၊ အနေအေးတဲ့သူဆိုပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာ gay အနေနဲ့ ဘယ်လိုမှ မမြင်နိုင်ပါ။

ကျွန်တော်နဲ့ ချန်းခင်တကယ်ပဲ အတူအိပ်မိသွားရင်တောင် ဒါက မှားယွင်းမှုတစ်ခု၊ မတော်တဆမှုသပ်သပ်ပဲဖြစ်မှာပဲ။ အဲဒီအကြောင်း စဉ်းစားနေချိန်မှာပဲ ချန်းခင်ရောက်လာပါတယ်။

" ပြန်လာရင်လည်း ငါတို့ကိုကြိုပြောသင့်ပါတယ်ကွာ "

ကျွန်တော်ဘာမှ ပြန်မပြော။ အဖေ ပြောတဲ့ အိပ်တဲ့ကိစ္စကိုပဲ စိတ်ကရောက်နေတယ်။ အဖေပြောပုံအရဆိုရင် ကျွန်တော်က ယောကျာ်းလေးနေရာက၊ ချန်းခင်က မိန်းကလေးနေရာကပဲ။ ကျွန်တော် အတင်းယူတယ်ဆိုရင်တောင် ဒီကောင် ငြင်းမှာပဲမဟုတ်ဘူးလား။ ကျွန်တော့်အားကို မခုခံနိုင်တာလား။ အဖေ ပြောပုံက ကျွန်တော်တို့နှစ်ယောက် စိတ်တူကိုယ်တူပဲ အိပ်ကြသလိုမျိုး။ ဒီကောင် gay များ gay နေတာလား။

" ဘာလဲ ဟေ့ကောင် "

သူ့ကိုပဲစိုက်ကြည့်နေတာကို သူသတိထားမိတယ်ထင်တယ်။ မေးဆတ်ပြတယ်။ ဘာမှမဟုတ်ကြောင်း ခေါင်းခါပြလိုက်ရတယ်။

ချန်းခင် gay ဟုတ်မဟုတ် ဆိုတဲ့အတွေးက ခေါင်းထဲကနေထုတ်လို့မရ။

နောက်စက္ကန့်ပိုင်းအနည်းငယ်အတွင်းမှာတော့ ကျွန်တော့်မျက်နှာက ချန်းခင်နဲ့နီးနီးကပ်ကပ်အနေအထားကိုရောက်သွားတယ်။ ဘယ်လောက်ထိ နီးကပ်နေသလဲဆိုရင် သူ့အသက်ရှုသံက ကျွန်တော့်နှာခေါင်းကို လာရိုက်ခတ်တဲ့အထိပဲ။ မထင်မှတ်ဘဲ လုပ်လိုက်တဲ့ကျွန်တော့်အပြုအမူကြောင့် သူ အံ့သြသွားပုံရတယ်။ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။

ကျွန်တော် ခေါင်းကိုနည်းနည်းစောင်းလိုက်တယ်။ ကျွန်တော်ရဲ့ ဆန်းသပ်ချက်က ရိုးရိုးလေးပါ။ ဒီကောင် မျက်စိမှိတ်ထားလိုက်ရင်တော့ ကျွန်တော်နမ်းတာကို လက်ခံမဲ့သဘော။ တစ်နည်းအားဖြင့် ဒီကောင် gay လို့ သေချာသွားစေမဲ့အချက်ပေါ့။ ကျွန်တော့်ကို တွန်းထုတ်လိုက်ရင်တော့ ကျွန်တော်လိုချင်နေတဲ့ gay မဟုတ်ပါဘူးဆိုတဲ့ အဖြေကိုရလိမ့်မယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now