1 : Wunna (Unicode)

8.7K 402 15
                                    


တက္ကသိုလ်ကျောင်းပိတ်ရက်ရလို့ ကျွန်တော် တောင်ကုန်းကိုပြန်လာဖြစ်တယ်။ တက္ကသိုလ် အစပိုင်းတွေမှာတော့ စာသင်နှစ်ဝက်တစ်ခုပြီးတိုင်း အိမ်ပြန်လာဖြစ်ပေမဲ့ ဒီနှစ်ကတော့ အရင် စာသင်နှစ်ဝက်ပိတ်ရက် ကျွန်တော် အိမ်မပြန်ဖြစ်။ တစ်နှစ်လောက် မပြန်ဖြစ်ပေမဲ့ တောင်ကုန်းကတော့ ကျွန်တော်မှတ်မိနေတဲ့ အတိုင်း ဘာဆိုဘာမှ ပြောင်းလဲမသွား။

ပြောင်းလဲသွားတာကတော့ ကျွန်တော့်အဖေ။

" ဝဏ္ဏ ထင်တယ်  ကျောင်းပိတ်ပီလား "

တက္ကသိုလ်ပိတ်ရက်ရှည်ရှိတဲ့ လဆိုပေမဲ့ မပြန်လာဖြစ်တာ တစ်နှစ်ရှိသွားတဲ့ ကျွန်တော့်ကို အိမ်က တွေ့ဖို့ မျှော်လင့်မထား။ ပြန်လာဖြစ်တဲ့အကြောင်း ကျွန်တော်လည်း အကြောင်းမကြားထားဖြစ်ဘူး။

ခုနက ကျွန်တော့်ကို နှုတ်ဆက်လိုက်သူမှာ ကျွန်တော့်အဖေမဟုတ်။ သူနှုတ်ဆက်တဲ့ ပုံက ကျွန်တော့်ကို ဓတ်ပုံထဲမှာ မြင်ဖူးထားလို့ မှတ်မိသွားတဲ့ပုံ။ ဒီလူကို ကျွန်တော် မသိပါ။

" သားအဖေ မရှိဘူး ခြံထဲသွားတယ် "

ကျွန်တော် ရယ်ချင်သွားတယ်။ သူ့ပုံကိုကြည့်ရတာ အလွန်ဆုံးနေမှ ကျွန်တော့်ထက်ကြီးရင် လေး ငါးနှစ်လောက်ပဲ ရှိမှာ။ ကျွန်တော့်ကိုသား လို့ ခေါ်လိုက်တာက ရယ်စရာမကောင်းဘူးလား။

" ခင်ဗျားကဘယ်သူလဲ "

" ဦးနာမည် ဦးအောင်ကျော် မင်းအဖေရဲ့ သူငယ်ချင်းလေ "

ှူအလုပ်လုပ်နေပုံရတဲ့ သူ့ကိုကြည့်ရတာ အိမ်လာနေတဲ့သူတစ်ယောက်ယောက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းတယ်။သူ ဒီအိမ်မှာ နေတာ ဘယ်လောက်ကြာပြီလဲ။

" ဦး နွာစာကြွေးလိုက်ဦးမယ် ခရီးပန်းလာတာ နားလိုက်ဦး"

ဒီလူ ဘယ်သူလဲ။

နာရီဝက်လောက်နေတော့ တစ်ခြားရပ်ကွက်မှာနေတဲ့ ကျွန်တော့် အဒေါ်ရောက်ချလာတယ်။ သူ ကျွန်တော့်ကို ဘာမှ မမေးခင် ကျွန်တော်က အရင် မေးလိုက်တယ်။ ခုနကလူ ဘယ်သူလဲ ကျွန်တော် သိပ်သိချင်ပြီ။ အဖေ့သူငယ်ချင်း ပါလို့ မပြောခင် ခဏ တိတ်သွားတာက ဘာလို့လဲ။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now