Final Part One (Unicode)

2.8K 134 1
                                    

ဒီပကိုဘုရားလိုက်ပို့ပေးဖို့ပြင်မယ်လုပ်နေတုန်းမှာ စုလဲ့ဖုန်းဝင်လာလို့စကားပြောနေလိုက်တာ ည၁၁နာရီကျော်မှ စကားပြတ်ကာဖုန်းကျသွားတော့တယ်။ ဟိုဘက်ခြံကိုကြည့်လိုက်တော့ ခြံရှေ့မီးလုံးကလွဲပြီး အိမ်ထဲကမီးများပိတ်သွားခဲ့ပြီ။ ဒီပ အိပ်ပျော်သွားပြီလား။ ဖုန်းခေါ်ကြည့်တော့ ပထမအကြိမ်မှာပဲ သူဖုန်းကိုင်ပါတယ်။ ကျွန်တော်ဖုန်းဆိုရင် တက်တက်ကြွကြွနှုတ်ဆက်တတ်သောအသံကို ဒီတစ်ခါမကြားရ။ ဘုရားလိုက်ပို့မယ်ပြောပြီး နောက်ကျလို့ စိတ်မကောင်းဖြစ်သွားသလား။

မျက်နှာချင်းဆိုင်စကားပြောချင်တယ်ဆိုတော့ ခြံထဲကိုဆင်းလာပါရဲ့။ အမြဲတမ်းလန်းလန်းဆန်းဆန်းရှိတဲ့သူ့မျက်နှာမှာ ညိုးနေတော့ ကျွန်တော်ဘာပြောရမှန်းမသိ။

"Sorry နော်ဒီပ"

"ဘာမှမဖြစ်ပါဘူး"

ဘာမှမဖြစ်ပါဘူးလို့ပြောတဲ့အသံမှာ ခံစားထိခိုက်မှုကိုသတိပြုမိတော့ ကျွန်တော်သူ့ကိုအားနာသွားပါတယ်။

"စက်စဲသွားရအောင် စက်စဲကလပြည့်ညဆို အရမ်းလှတယ်"

ကျွန်တော့်စကားကိုတစ်ခါမှမငြင်းဖူးတဲ့သူက ဒီတစ်ခါလည်းမငြင်းပါ။ သူခေါင်းညိတ်ပေမဲ့ အရင်လိုတက်တက်ကြွကြွတော့မဟုတ်။ ကျွန်တော်ကြောင့် မလန်းတော့တဲ့ သူ့ပုံစံကိုကြည့်ပြီး အပြစ်ရှိသလိုခံစားရတယ်။

အကျႌလက်ရှည်နဲ့လုံခြည်နဲ့ဖြစ်နေတဲ့ သူ့ကိုကျွန်တော့်အဝတ်အစားတွေနဲ့လဲခိုင်းလိုက်ရပါတယ်။

ကမ်းခြေရောက်တော့လည်းငိုင်နေတဲ့သူ့ကို ဘယ်ကဘယ်လိုစကားစရမှန်းမသိ။

"ဒီပ"

ကျွန်တော်ခေါ်တော့ လကိုငေးကြည့်နေတဲ့သူ့အာရုံက ကျွန်တော်ဆီရောက်လာတယ်။

"ငါတို့ တွဲတာရပ်ကြရအောင်"

ခံစားထိခိုက်သွားတဲ့သူ့ကိုကျွန်တော် မျက်နှာလွှဲဖို့ကြိုးစားရပါတယ်။ အဲဒီနောက်တော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့တိတ်ဆိတ်မှုက ဝင်ရောက်လာတယ်။

*****

ကျွန်တော့်ကိုတွဲကြည့်မလားလို့မေးတုန်းကလည်းခေါင်းညိတ်ခဲ့တဲ့သူက ရပ်လိုက်ကြရအောင်လို့တောင်းဆိုတော့လည်း မငြင်းခဲ့ပါ။ နည်းနည်းလေးမှ ပြစ်မတင်တဲ့သူ့ပုံရိပ်ကို ပြန်မြင်ယောင်တော့ အပြစ်အကြီးကြီးတစ်ခုကျူးလွန်ထားသူလို ကျွန်တော်ခံစားမိပါရဲ့။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now