3: Wunna (Unicode)

3.7K 254 1
                                    

ဟိုလူ အပြင်ခဏထွက်သွားတော့ ရလာတဲ့အခွင့်အရေးကိုချက်ချင်းပဲအသုံးချလိုက်ရတယ်။အဖေ့ကိုသူဘာတွေလျှို့ဝှက်ထားလဲ ဆိုတာကို ကျွန်တော် သိရမှဖြစ်မယ်။သူသာ အဖေ့ကိုမရိုးမသားချဉ်းကပ်ခဲ့တာဆိုရင်တော့ သူနဲ့ပက်သက်တဲ့အကြောင်းအရာတွေကို မြင်သာတဲ့နေရာမှာ ထားမှာမဟုတ်မှန်း တွေးမိတယ်။

"ခင်ဗျား ဘယ်သူလဲ "

ကိုယ့်ဘာသာရေရွတ်ကြည့်ရင်း အဖေနဲ့သူ့အိပ်ခန်းကုတင်အောက်က သေတ္တာတွေမှာ ရှာဖွေကြည့်တယ်။ သူနဲ့ပက်သက်တဲ့ အရာတစ်ခုခု။ ဓတ်ပုံတစ်ပုံစတွေ့တယ်။တစ်ယောက်ပခုံးကိုတစ်ယောက် ဖက်ထားတဲ့ ကလေးနှစ်ယောက်က ကျွန်တော့်ကိုပြုံးရယ်ပြီး ကြည့်နေတယ်။ပြီးတော့ နိုင်ငံသားမှတ်ပုံတင်ကတ်။ရုပ်နည်းနည်းရင့်သလိုထင်ရတာက ရိုက်ထားတဲ့အချိန်ကြောင့်လားတော့မသိ။ ပတ်စပို့ပုံသေးသေးလေးကလည်း ကျွန်တော့်သံသယကိုခိုင်မာအောင်မလုပ်နိုင်။

နောက်ကျောက မွေးသက္ကရာဇ်ကိုမျှော်လင့်တကြီးကြည့်ပေမဲ့ မြင်လိုက်ရတဲ့ နံပါတ်တွေက ကျွန်တော်လိုချင်တဲ့အရာမဟုတ်နေပြန်ဘူး။ ၂၃.၉.၁၉၆၇ တဲ့လေ။အဖေ့နဲ့ မွေးနှစ်တစ်နှစ်တည်း။နိုင်ငံသားမှတ်ပုံတင်ကတ်တစ်ခုတည်းနဲ့တော့ သူက အမှန်တကယ် အဖေ့သူငယ်ချင်းဆိုတာကို ကျွန်တော်မယုံနိုင်။ဘယ်လောက်ပဲ ကုသိုလ်ကံကောင်းလို့နုပါတယ်ပြောပြော ကျွန်တော်နဲ့ညီအစ်ကိုတွေလို့ ထင်ရလောက်အောင် နုနေတာက ယုံချင်စရာမှ မကောင်းပဲဗျာ။

မှတ်ပုံတင်တစ်ကတ်၊Vintage ဓတ်ပုံတစ်ပုံ၊ ရှုပ်အင်္ကျီတွေကလွဲပြီး ကျွန်တော်ဘာမှမတွေ့။နောက် သေတ္တာတစ်လုံးမှာထပ်ရှာကြည့်တယ်။အဝတ်အစားဟောင်းတွေကလွဲပြီး ထူးထူးခြားခြား ဘာမှမတွေ့။လက်လျှော့တော့မဲ့အချိန်မှာမှ အကျႌတွေကြားထဲကနေ ဓတ်ပုံတစ်ပုံထွက်ကျလာတယ်။Vintage ပုံမဟုတ်တာကိုတော့ ကျွန်တော်သတိထားမိလိုက်တယ်။ မှောက်သွားတဲ့ ဓတ်ပုံကို ဆွဲယူဖို့ပြင်နေတုန်းမှာပဲ အိမ်ရှေ့မှာ အသံတစ်ခုခုကြားလိုက်ရတယ်။

ဟိုလူလို့ထင်ပြီး နည်းနည်း လန့်သွားပေမဲ့ တကယ်တမ်းကျွန်တော်အိမ်ရှေ့ထွက်ကြည့်တော့ သူမဟုတ်။ပိန်ပိန်သေးသေးကောင်လေးတစ်ယောက်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now