ဇန်နဝါရီလ ၂ရက်၊ ၂၀၁၂၊ တနင်္လာနေ့
စာကြိုးစားပြီး အတန်းချိန်တွေမလစ်တတ်တဲ့ ကျွန်တော် ခဏခဏအပြင်ထွက်ခွင့်တောင်းတာကိုတော့ ဆရာမတွေသတိထားမိမယ်မထင်ပါ။အတန်းချိန်တိုင်းမှာ ကျွန်တော်အပြင်ထွက်နေတာကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲသိတာပါ။တစ်ခါအပြင်ထွက်ရင် အဖော်တစ်ယောက်။အဖော်ကတူလို့မဖြစ်။ကျွန်တော်ကဘာမှ မဖြစ်ပေမဲ့ သူတို့ကမရဘူးလေ။ဆရာမ ဆူမှာ။ကိုဝဏ္ဏရဲ့အတန်းရှေ့က ခဏခဏဖြတ်သွားတာကိုလည်း သူတို့အတန်းကကျောင်းသားတွေ သတိမထားမိတာ တော်သေးတာပေါ့။တစ်ကြိမ်မှာတော့ ကိုဝဏ္ဏကျွန်တော့်ကိုတွေ့သွားလို့ ပြုံးပြပါတယ်။
YOU ARE READING
သူစိမ်း (Unicode & Zawgyi) [ Completed ]
HumorUnicode အဖေ့ငယ်ချစ်က ယောက်ျားတစ်ယောက်ဆိုတာကိုမထင်မှတ်ဘဲ သိလိုက်ရတဲ့အပြင် အဲဒီလူနဲ့သူ့အဖေ အတူနေကြတဲ့အခြေအနေကို straight ဖြစ်နေတဲ့ဝဏ္ဏကဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုနားလည်ပေးမလဲ? တစ်ချိန်တည်းမှာပဲ ရည်းစားဦးရဲ့မောင်က သူ့ကိုချစ်နေကြောင်း သိလိုက်ရတဲ့အခါမှာတော့...