De Pa's Diary (zawgyi)

5.5K 331 3
                                    

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၁၁၊ ဗုဒ္ဓဟူးနေ့

မြို့နယ်အဆင့် ဘက်စုံထူးချွန်စာမေးပွဲကို သံဖြူဇရပ်မှာသွားဖြေရတဲ့အထဲမှာ လေးတန်းနှစ်ယောက်၊၈တန်း နှစ်ယောက်နဲ့ဆယ်တန်းကျောင်းသားနှစ်ယောက်ပါတယ်။၈တန်းကအကိုကြီးတစ်ယောက်က သိပ်ကြည့်ကောင်းတာပဲ။ချောမွတ်ဖြူစင်တဲ့သူ့မျက်နှာကိုကြည့်ပြီး စိတ်မှာ ဘာအတွေးတွေဝင်နေလဲ ကျွန်တော်မသိတော့ပါဘူး။ဆရာမနဲ့ သူ့သူငယ်ချင်းတွေ ခေါ်တဲ့ သူ့နာမည်ကို ကျွန်တော်ကြားလိုက်တယ်။ မင်းဝဏ္ဏတဲ့။ကျွန်တော့်အစ်မနဲ့တစ်တန်းတည်းဖြစ်မယ်။

တောင်ကုန်းကနေ သံဖြူဇရပ်ကို နာရီဝက်ပဲကားစီးရပေမဲ့ ကားဆိုမူးတတ်တဲ့ကျွန်တော်က အကိုဝဏ္ဏကိုကြည့်နေရင်း ကားမူးတာကိုသတိမရတော့။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now