4 : De Pa (Unicode)

3.3K 200 3
                                    

သီတင်းကျွတ်လပြည့်နေ့ဆိုတော့ အိမ်မှာမုန့်ဖက်ထုပ် ထုပ်ပြီး ဘုန်းကြီးကျောင်းလည်း ပို့၊ အိမ်နီးချင်းတွေကိုလည်း မုန့်ဝေဖြစ်တယ်။ဦးလေးဦးအောင်ကြီးတို့အိမ်မုန့်သွားပို့တော့ ကျွန်တော်မတွေ့တာ တော်တော်ကြာပြီဖြစ်တဲ့ ကိုဝဏ္ဏကို ပြန်တွေ့တယ်။ကျောင်းတက်နေတဲ့တစ်လျှောက် တောင်ကုန်းကိုသိပ်မပြန်တတ်တဲ့ ကိုဝဏ္ဏကိုပြန်တွေ့ရလို့ အရမ်းဝမ်းသာတာပဲဗျာ။ကျွန်တော် ကိုဝဏ္ဏကို မတွေ့ရတာ လေးနှစ်တောင်ရှိပြီလေ။

ကိုဝဏ္ဏက ကျွန်တော့်ကိုချက်ချင်းမမှတ်မိဘူး။စိတ်မကောင်းဖြစ်သွားတဲ့စိတ်ကို ချက်ချင်းမေ့ပစ်လိုက်တယ်။တကယ်ပဲ ကျွန်တော့်ပုံစံက ငယ်ငယ်တုန်းကနဲ့မတူဘဲ ပြောင်းလဲသွားလို့ ဖြစ်မှာပါလို့ တွေးလိုက်တယ်။

မရဲတရဲဖြစ်နေတဲ့ ကြားထဲက အရဲစွန့်ပြီး ကိုဝဏ္ဏမှာချစ်သူရှိပြီလားလို့ မေးကြည့်တယ်။ကိုဝဏ္ဏမှာ ချစ်တဲ့သူရှိနေပြီတဲ့လေ။အသက်နှစ်ဆယ်ကျော် ယောကျာ်းတစ်ယောက်မှာ ချစ်သူရည်းစားရှိတာက ထူးဆန်းတဲ့အရာမဟုတ်ပေမဲ့ ချစ်တဲ့သူမရှိပါဘူးဆိုတဲ့အဖြေကို ကျွန်တော် မျှော်လင့်ခဲ့မိတာ။စိတ်ဓတ်ကျချင်သွားတဲ့ ကိုယ့်ကိုယ်ကို ပြန်အားပေးရတယ်။ချစ်သူရှိတာက လပ်ထပ်ထားပြီးသူ ရှိတာမှ မဟုတ်ဘဲ။ကျွန်တော့်အတွက် မျှော်လင့်ချက်ရှိသားပဲ။

ကိုဝဏ္ဏရဲ့အချစ်ကိုရဖို့ တက်နိုင်သမျှ ကြိုးစားအားထုတ်ခွင့် ကျွန်တော့်မှာရှိပါတယ်။ဒုန်းစိုင်းပြီးခုန်နေတဲ့ ရင်ခုန်နှုန်းကို ထိန်းရင်း ကိုယ့်ကိုယ်ကို အားပေးတယ်။

***
ကိုယ့်ဒိုင်ယာရီကို ပြန်ဖတ်ရင်း ကိုဝဏ္ဏကျွန်တော့်စိတ်ထဲ၊ရင်ဘတ်ထဲ စဝင်လာတဲ့နေ့ကိုပြန်တွေးတယ်။

ဘော်လီဘောပုတ်ရင်း ကိုဝဏ္ဏမေ့ကျန်ခဲ့တဲ့ အကျႌလေးကို ထုတ်ကြည့်တယ်။အဖြူရောင် ကျောင်းအကျႌကို နမ်းလိုက်တော့ ကိုဝဏ္ဏကိုယ်နံ့ကို ရလိုက်သလို။

"အဲဒါ အကို့အကျႌလား"

ကျွန်တော်ခေါင်းညိတ်တော့ ကိုဝဏ္ဏကသဘောကျပြီး မေးလိမ့်မယ်။

သူစိမ်း (Unicode & Zawgyi) [ Completed ] Where stories live. Discover now