2

991 37 0
                                    

2013~
နာမည်က အောင် တဲ့.. ချေလိုက်တာများ မိုးမွှန်နေတာပဲ.. အမြင်ကို ကပ်တယ်. သူက ရွှေဇွန်းကိုက်ပြီး မွေးတာ ကျနေတာပဲ.. ဘာကောင်မို့လို့လဲ ဒင်းက.. လုံးဝ မကြိုက်ဘူး အဲ့လို အကောင်ကို!!

.... အပြောနဲ့ အလုပ်မကိုက်အောင်ပဲ ကျမ သူ့ကို ချစ်မိသွားတယ်..သူက အချစ်ဦး... ထူးဆန်းတယ်နော် အချစ်က.. ကျမ အသက် ၁၃ နှစ်ပဲ ရှိသေးတာ အဲ့တုန်းက...

သူ့ရဲ့ လူတွေ အပေါ်မှာ ခပ်တန်းတန်း နေတဲ့ အကျင့်.. ချေတာတွေရဲ့ နောက်ကွယ်က နူးညံ့တဲ့ သူ့စိတ်ကို ကျမ မြင်မိလို့... သူက ကလေး နဲ့တူတယ်.. ထိခိုက်လွယ်တယ်... ဘာကိစ္စရှိရှိ သူ့ကို ဂရုစိုက်ပေးချင်တယ်...

သူနဲ့ ကျမ အတိုင်းအတာ တစ်ခုလောက်ထိတော့ ရင်းနှီးခဲ့ကြတယ်.. ရင်းနှီးလာတာနဲ့ အမျှ.. သူ့အပေါ် သံယောဇဉ် ပိုတိုးလာတယ်... ပို မြတ်နိုးလာတယ်..

သူများတွေ ရဲ့ အတွေးတွေ နဲ့ ဆန့်ကျင်ပြီး သူ့ကို ပဲ စွဲလမ်းမိတယ်..

ထူးခြားတာ တစ်ခုက... သူက ဘယ်သူကိုမှ စိတ်မဝင်စားဘူး.. သူ့ရဲ့ အချစ်ဦး ဆိုတာကိုလည်း သဘောကျပေမယ့် ဖွင့်မပြောဘူး တဲ့... ဘယ်လိုလူလဲ...

အတွေးတွေ ဘယ်လိုရှိရှိ... သူ့ကို ချစ်လာတာ ၅ နှစ်ကြာသွားတယ်..

ကံတရားရဲ့ ဆန်းကြယ်မှု နဲ့ သူ နဲ့ ကျမ University တူတူပေါ့...

မထင်မှတ်တာက.. သူ ကျမ ကို စကား မပြောတော့ဘူး.. အကြောင်းပြချက် မရှိဘဲပေါ့...

သူက ကျမ သဘောကျတာ သိပေမယ့် ဒါက အဓိက အကြောင်းအရာ မဟုတ်ဘူး.. ဘာလို့လဲ ဆိုတော့... သူ ကျမ သဘောကျမှန်း သိရက် နဲ့ပဲ ဒီလောက်ထိ ခင်မင်ခဲ့တာ...

ဒါဆိုဘာများလဲ??

အခု ကျမတို့ အပြင်မှာတွေ့ရင်တောင် ရှောင်သွားကျတယ်....

••••••
ကျမ ပျော်ရွှင်မှုထက် သူ့ ပျော်ရွှင်မှုက ဦးစားပေး နံပါတ် ၁ ပါ...

နင်က အမြဲ ပထမ ပဲ.. အောင်..
မင်းသိရင်ကောင်းမယ်..

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now