6

525 32 2
                                    

ကျမရဲ့ အလှဓာတ်ပုံလေးတွေ က ဖုန်းထဲမှာ များလာပြီ.. သူ ရိုက်ပေးတာ.. အဲ့ဒါကိုများ မရိုက်တတ်ဘူးဆိုပဲ... အစုတ်ပလုတ်လေး...  အဲ့ဒါကိုပဲ ချစ်နေရတာ...

သူနဲ့ နှစ်ယောက်တွဲပုံက ရှားရှားပါးပါး ၁ပုံတည်း... ဒါတောင် ပူဆာလွန်းလို့..

ကျမတို့ အတွဲကို လူတွေ သဘောကျနေကြတယ်.. ချစ်စရာလေးတဲ့.. စတွဲ တဲ့ နေ့ကစပြီး သူ ကျမ လုပ်ချင်တာ အကုန်လုပ်ပေးတယ်.. ဓာတ်ပုံက လွဲရင်ပေါ့..  သူက နွေးထွေးတယ်.. ဂရုစိုက်တယ်...

တွဲဖြစ်ပြီး ၁ ပတ်လောက်နေတော့...

ညဘက်ကြီး.. တံခါးလာခေါက်တယ်..

"ဘယ်သူလဲ?"

"ကို"

တံခါးဖွင့်ကြည့်တော့.. စောင်နဲ့ ခေါင်းအုံးလေးပိုက်ပြီး ရောက်လာတယ်..

"ဘာဖြစ်လို့လဲ??? "

"အိပ်မက်ဆိုးတွေမက်လို့..."

သူလာပြီးလိမ်တယ်လို့ ပြောရအောင်ကလည်း တကယ်ကို ချွေးစေးတွေ ထွက်နေတာ..

"လာ..."

သူက အနားက ဆိုဖာကို ကျမ ခုတင်နားတိုးပြီး.. အဲ့ ဆိုဖာပေါ်မှာ အိပ်တယ်.. ကျမလည်း သူ့လက်ကို ကိုင်ပြီး သူ အိပ်ပျော်တဲ့ အထိထိုင်စောင့်နေလိုက်တယ်..

အမှန်တော့ ကိုယ်လည်း ရန်ကုန်ပြန်ရောက်ရင် စာတင်ဖို့ရှိတာ လုပ်နေရတာ..

သူအိပ်ပျော်သွားတော့မှ သူ့နဖူးလေးကို နမ်းပြီး ကိုယ်လည်း ကုတင်ပေါ်မှာ ခြေဆန့်လက်ဆန့်အိပ်လိုက်တယ်..

ပြန်ဖို့ ၅ရက်လောက်အလိုမှာ သူပိုထူးဆန်းလာတယ်..

အနားက တစ်ဖဝါးမှ မခွာဘူး... သူ့ပါးစပ်က ပထမဆုံးအကြိမ် နှစ်ယောက်တွဲ ဓာတ်ပုံရိုက်မယ်တဲ့..

ပျော်တာပေါ့.. ဓာတ်ပုံတွေ အများကြီးပဲ ရိုက်ပလိုက်တယ် သူနဲ့ .. ကိုရီးယားက ကျောင်းသား Kim Tae Hyung က အများကြီး ကူညီပေးတယ်.. ကိုယ် နဲ့လည်း သူငယ်ချင်း ဖြစ်ခဲ့တယ်...

နေ့တိုင်းလိုလို သူ ကျမ အခန်းမှာပဲ နေတာများတယ်.. သူ အိပ်တိုင်း ထိုင်စောင့်ရတယ်.. လန့်နိုးတတ်လို့..

ပြန်ဖို့ ၁ရက်အလို မနက်ပိုင်း သူနဲ့ date သွားတယ်... သူက ကျမ အတွက် လက်စွပ်လေး ဝယ်ပေးတယ်.. ဆင်တူလေး သူနဲ့... ပြီးတော့ တူတူ မုန့်စား... ဓာတ်ပုံလေးတွေရိုက်.. အပျော်ဆုံးနေ့လေး...

ညကျတော့ farewell party လုပ်တယ်.. ကျမတို့တွေ အရမ်းပျော်ခဲ့ကြတယ်... သိမ်းဆည်းပြီး အခန်းကိုယ်စီကို ပြန်သွားကြပေမယ့် ကျမ တို့ ၂ယောက်က ကြယ်ကြည့်ကောင်းတုန်း...

"ခင်... "
"ဟင်? "

"ရန်ကုန်ပြန်ရောက်ရင် အခုလိုရှိနိုင်ပါ့မလား မသိဘူး... "

"ဘာကိုဆိုလိုတာလဲ?? "

"မဟုတ်ဘူးလေ.. ကိုယ်တို့ အခုလို တစ်အိမ်တည်း မနေရဘူးလေ.."

"မလိုပါဘူး အောင် ရယ်.. နင် က အမြဲ ငါ့နားမှာရှိတယ်.. ပြီးတော့ နေ့တိုင်း လာတွေ့မယ်.. ညတိုင်း ဖုန်းပြောမယ်လေ.. သတိရရင် ဓာတ်ပုံထုတ်ကြည့်မယ်..."

"ဖက်ထားပေးပါ .. ကိုယ့်ကို..."

"ကလေး လား?"

သူ့ကို တယုတယ နဲ့ ပွေ့ဖက်ထားမိတယ်...

တကယ်ပါ... ကျမ ဘဝ မှာ အဖေ နဲ့ အမေ ပြီးရင် သူ့ကို အချစ်ဆုံး.. အဲ့၃ယောက်ရှိရင် ပြည့်စုံပြီ..

••••

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now