3

710 32 0
                                    

နေ့တိုင်းချောင်းပေါက်မတတ် သူ့အဆောင်ကို သွားတယ်... သူ့တော့ တွေ့ပါရဲ့ ... ကိုယ်ကပဲ ကိုယ်ပျောက်လူသားဖြစ်နေလို့လား မသိ.. သိတောင် မသိရှာဘူး...

ဒါပေမယ့် ပျော်တယ်..သူငယ်ချင်း တွေ နဲ့ အားတိုင်း သူ့အဆောင်ဘက် သွား.. မုန့်စားချိန် ဘာညာပေါ့.. သူလေး က အဆောင် အောက်မှာ နားကြပ်တစ်ခု နဲ့.. နင့် ဘဝ က သာယာချက်ပဲ အောင်ရယ်...

သူ့ဓာတ်ပုံတွေ ရအောင် ကိုယ့်မှာ လာဘ်ထိုးရသေးတယ်.. သူငယ်ချင်းတွေကို.. သူနဲ့ မေဂျာတူတူဆိုတော့လည်း...

ကံတရားကြောင့်ပဲ လို့ပြောရမလားပဲ..
မထင်မှတ်ပဲ.. သူ နဲ့ ကျမ အတူတူ ဖြစ်ဖို့ အခွင့်က ကြုံလာခဲ့တယ်..

အဲ့ဒါက လေ့လာရေး ခရီးစဉ် လိုမျိုး တစ်ခု.. အမှန်တော့ အင်္ဂလိပ်စာ အရည်အချင်း ပြိုင်ပွဲ က ဆုရတဲ့ ကျောင်းသားတွေပေါ့... သူက အဲ့လို တွေ မကြိုက်ဘူး... ဒါပေမယ့် ကျောင်းအနေနဲ့ ပြိုင်ရတာဆိုတော့လည်း.. သူပါ ပါလာတာပေါ့..

ကျမ လည်း ပျော်သွားတယ်.. သူ နဲ့ တူတူမို့လို့...

ကျမ တို့ ကျောင်းက ကျောင်းသား ၅ယောက် .. ယောက်ျားလေး ၃ ယောက် မိန်းကလေး ၂ ယောက်... တခြား ကျောင်းတွေ ရောပေါ့...

~1&1/2 months in Singapore ~ တဲ့!! ကျမ တို့ ကျောင်းက ကျောင်းသားတွေကို share house ဆိုပြီး နိုင်ငံခြားသား ၅ ယောက်နဲ့ ပေါင်းထားမယ်တဲ့..

ကျမ အရမ်းပျော်တာပေါ့! သူ နဲ့လည်း နေရတယ်.. ကိုရီးယား ကောင်လေး ချောချောလေးတွေလည်း ပါတယ်လေ...

အဲ့ဒါက ပျော်ရွှင်မှု တစ်ခုပေါ့...

••••••
ကြိုသိခဲ့ရင်... ငါ ကြိုသိခဲ့ရင်.....

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now