9

495 29 0
                                    

စာအုပ်လေးက.....

ခင်... အဲ့လို ခေါ်လိုက်လို့ ထူးဆန်းသွားလားဟင်? ငါက ရှက်လို့ အဲ့လို မခေါ်ခဲ့တာပါ...

အင်း... ဒီစာအုပ် ကို နင်ဖတ်နေပြီ ဆိုရင် ငါ နင့်ဘေးမှာ မရှိလောက်တော့ဘူး..

ငါကို စိတ်မဆိုးပါနဲ့နော်... မုန်းလည်း မမုန်းနဲ့... ဒါပေမယ့်... ဒီ စာအုပ်လေးကို အပြီးထိ ဖတ်ပြီးရင် ငါ့ကို မေ့လိုက်ပါ... နင့်လို မိန်းကလေးက ငါ့လို ယောက်ျားလေးထက် တကယ် ချစ်ပေးမယ့် သူနဲ့ တွေ့ရမှာ...

ငါ နင် နဲ့ တွေ့တဲ့နေ့ကို သတိရတယ်..
ရှက်ပြာရှက်ပြာနဲ့ .. ကြည့်မရခဲ့ဘူး.. ဒါပေမယ့် မုန်းလည်း မမုန်းခဲ့ဘူး...

နင့်ဆီက ဂရုစိုက်မှုတွေ ကို ငြင်းပယ်ခဲ့တယ်... ဒါကလည်း... အခု နင်သိတဲ့ အကြောင်းတွေကြောင့်ပေါ့..

ငါတောင် မသိလိုက်ဘဲ နင့်ကို စွဲလန်းမိသွားတယ်.. နင် အရမ်းဆိုးတယ်..

နင် ငါ့အဆောင် ကို လာလာချောင်းတာ ငါတွေ့တယ်.. နင်မလာရင်တောင် ငါ မျှော်နေမိတယ် သိလား...

ငါ အရာအားလုံးကို သိနေတာတောင် နင့် ကို ရွေးချယ်မိတာက... ငါ နင့်ကို ချစ်လို့ပဲ...

အသက်ရှင်ပြီး မချစ်ဘဲနေရမှာထက် စာရင်... ကိုယ့်ကို အရမ်းမြတ်နိုးတဲ့ သူကိုချစ်ပြီး သေရတာ ပို တန်တယ်လို့ ထင်တယ်...

ငါ ဒီ ကံတရားကို သိပ်မုန်းတယ်... ဒါပေမယ့် နင်သိလား... ငါ နင် နဲ့ အတူ ရှိခဲ့တဲ့ ဒီ ၂လ လေးကလေ... ဘာနဲ့ မှ မလဲနိုင်အောင်ပဲ.. ငါ့ကို ချစ်တတ်အောင် သင်ပေးတဲ့ နင့်ကို အရမ်းချစ်တယ်..

ဒီကျိန်စာက လှပ ပါတယ်.. နင် နဲ့ ချစ်ခွင့်ပေးလို့လေ..

အငိုလွယ်တဲ့ ငါ့ကောင်မလေးရေ.. နင် စိတ်ညစ်ရင် ကောင်းကင်ကို မော့ကြည့်လိုက်... နင်မြင်နေရတဲ့ ကြယ်လေးက ငါပဲ... နင် ဘယ်သွားသွား ငါလိုက်နေမှာမို့လို့....

နင့်ရဲ့ ချစ်ဖို့ကောင်းတဲ့ အချက်လေးတွေကို နင့် ဓာတ်ပုံလေးတွေနဲ့ ငါလုပ်ပေးထားတယ်...

ပြီးတော့ ငါတို့ ဓာတ်ပုံလေးတွေ...

နင်ဖတ်ဖို့ ငါမှာချင်တာလေးတွေ ရေးထားတယ်...

နင် ဒီစာအုပ်လေးကို အကုန်ဖတ်ပြီးရင် ပြန်မဖတ်နဲ့တော့... နင် ငိုမှာ ငါသိတယ်... 

နင်မမေ့ပါနဲ့... ငါ အရမ်းချစ်တယ် ဆိုတာကိုလေ...

ဒါ ငါပေးနိုင်တဲ့ နောက်ဆုံး လက်ဆောင် ပဲ...

ဘဝသစ်စပါ... အချစ်သစ်ရှာပါ...

နင့်ကို အဝေးက ကြည့်နေတဲ့
အောင်..

•••••
စာအုပ်လေးထဲက သူ့စကားတွေ.. သူနဲ့ ကျမ ပုံတွေ... ကျမ တောင် မသိတဲ့ သူ ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေ...

မျက်ရည်တွေက ရေတံခွန် ထက်တောင် အရှိန်ပြင်းနေပါလား....

ငါကတိပေးတယ်... ငါ ထက်မငိုဘူးလို့..

ဒါပေမယ့်...

နင့်ကို ငါ ဘယ်တော့မှ မမေ့ဘူး..

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now