7

504 30 0
                                    

နေ့တိုင်း ထမင်းတူတူစားတယ်.. ညဘက် ဖုန်းတွေပြောတယ်..
အမြဲ လက်တွေတွဲထားတယ်...

သူ့မွေးနေ့က နောက် ၂ ရက်အလို... အကုန်စီစဉ်ရင်း ရင်ထဲ မှာ အမြဲ ပီတိဖြစ်နေမိတယ်..

မေ ၂၁...
အဲ့ မနက်က ကျမ ဖုန်းခေါ်တယ်.. မကိုင်ဘူး... ကျောင်း လည်း မလာဘူးတဲ့..ဖျားနေတာလား... စိတ်ညစ်တယ်.. ထူးထူးဆန်းဆန်း ရင်ထဲမှာ လေးနေတယ်... ဘယ်လိုကြီးလဲ...

ဆက်တိုက်ဖုန်းခေါ်ရင်းက ဖုန်းကိုင်လိုက်တော့...

"အောင်! ငါစိတ်ပူလို့သေမယ်.. နင် ဘာလို့...!"

"သမီး... အောင် က အခု ဆေးရုံမှာ..."

"ရှင်..."

ကျမ ကြုံရာကားငှားပြီး သူ့ဆီအပြေးသွားခဲ့တယ်...

ခုတင်ပေါ်မှာ လှဲနေတဲ့သူ...

"အောင်... ငါလာပြီလေ....ထလို့..."

သူ့အမေက မျက်ရည်တွေနဲ့...

"အန်တီ.. အောင် က ဘာလို့...."

"သမီး ကို သူရွေးချယ်ခဲ့လို့.. သူ့ ဘဝ ထက်တောင်မှ..."

"အန်တီပြောတာ နားမလည်ဘူး... "

ကျမ ရှေ့မှာငိုပြီးပြောရှာတယ်...

"အန်တီတို့ အပြစ်ပါ... အန်တီတို့ အပြစ်ကြောင့် သားလေး က ဒီလိုဖြစ်ရတာ..

အန်တီတို့ မျိုးရိုးက ကျိန်စာသင့်နေတာပါ... သားမွေးလာရင် မွေးလာတဲ့ သားက အခုလို သူအချစ်စစ် နဲ့ တွေ့လို့ သူက တကယ်ကို ချစ်မိရင် အခုလိုဖြစ်ဖို့ဖြစ်လာတာပါ... အဲ့ဒါကြောင့် သား ကို အရမ်း တင်းကြပ်ပြီး မနူးညံ့တဲ့ သူဖြစ်အောင် လုပ်လိုက်တာပါ... ဒါပေမယ့် သူက သမီး နဲ့ တွေ့ပြီး တကယ့် အချစ်စစ်ကို ရွေးချယ်ခဲ့တယ်"

ကျမ လည်း နေရာမှာတင် ခွေကျသွားတယ်...

သူက သူ့ဘဝ, သူ့အသက် ထက်တောင်ကျမ ကိုရွေးချယ်ခဲ့တာလား...

အဲ့ဒါတွေကို မသိဘဲ သူကျမ အပေါ်စိတ်ယိုင်အောင် အမျိုးစုံကြိုးစားမိခဲ့တယ်..

သူ့ကိုပျော်အောင်လုပ်ပေးမယ် ဆိုပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေမိတယ်.

သူနဲ့ မွေးနေ့လေးတော့ ကျင်းပချင်သေးတယ်... ဒါက နောက်ဆုံးဖြစ်မယ်ဆိုရင်တောင် တစ်ဘဝ စာ အတွက်ပဲလေ..
....

အိမ်ကို အကြောင်းစုံဖွင့်ပြောပြီး သူ့နားမှာ သူနိုးလာတဲ့အထိစောင့်ဖို့ လုပ်လိုက်တယ်...

သူ့ရောဂါက ဘာလည်းဆိုတာလည်း ဘယ်ဆရာဝန်မှ အတိအကျမပြောနိုင်ကြဘူး.. သူ ဘာလို့ သတိမေ့နေလဲ ဆိုတာကိုရောပေါ့...

ဒါပေမယ့် ကံကောင်းချင်တော့ ညနေ ၆ နာရီလောက်ကျတော့ သူသတိရလာတယ်... ဒါပေမယ့်....သူစကားမပြောနိုင်ဘူး...

သူ့လက်ကလေးကို ကိုင်ထားမိတယ်...

ဒီအချိန်မှာ ကိုယ် အလိုချင်ဆုံးက အရင်လို သူ့ရဲ့ နွေးထွေးမှုတွေ...

ဒါပေမယ့် ခုချိန်မှာ သူက ကိုယ့်ကို သူ့ရဲ့ မျက်ရည်ဝိုင်းတဲ့ မျက်လုံးနဲ့ ကြည့်နေရုံနဲ့... ကျမ လက်ကို ကိုင်ထားပေးရုံအပြင် မတတ်နိုင်ဘူး..

ဒါက ကျမ တို့ရဲ့ ကံတရားလား?

သူ့မွေးနေ့ ၂၃ရက်နေ့လေး ကို ရောက်လာခဲ့တယ်.. ကိုယ်စီစဉ်ထားသလို တခမ်းတနားတွေ မလုပ်နိုင်ပေမယ့်... သူ့ဘေးမှာ ရှိနေပေးနိုင်တယ်..

"အောင်... မွေးနေ့မှာပျော်ရွှင်ပါစေ.. ပြီးတော့လေ... နောက်ဘဝ ဆက်တိုင်း ဆက်တိုင်း ဒီလို ကျိန်စာမျိုး နဲ့ မတွေ့ပါစေနဲ့... " ကျမ မျက်ရည်တွေ ကျမိတယ်... သူ မျက်လုံးမှာလည်း မျက်ရည်တွေနဲ့...သူ့ရဲ့ တုန်နေတဲ့ နှုတ်ခမ်းလေး ကို နောက်ဆုံးအနေနဲ့ နမ်းလိုက်တယ်...
ကျစ်ကျစ်ပါအောင် ဆုပ်မိထားတဲ့ လက်လေး က တဖြည်းဖြည်းအေးလာပြီ..

ကျမ ရှင့် ကို နောက်ဆုံး အနေ နဲ့ အားပါးတရ ဖက်ထားပါရစေ.....နှလုံးခုန်သံ ကင်းမဲ့တဲ့... သူ့ကို ပွေ့ပိုက်ထားလိုက်တယ်...

ကျမ ရဲ့ မျက်ရည်တွေကို အောင်.. ခု မြင်လား? မြင်ရင် ပြန်နိုးလာပေးပါလား..?

အောင်.... တကယ် ရက်စက်တယ်..

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now