8

475 30 0
                                    

သူ ထွက်သွားခဲ့ပြီ... ကျမ ရဲ့ အဝေးဆုံးကိုပေါ့.. ကျမ မလိုက်နိုင်မယ့် နေရာဆီကိုလေ... တကယ် အဝေးကြီးပဲ...

အောင် သိလား? ငါလေ... နင့်ကို ငယ်ငယ်တည်းက ချစ်ခဲ့တာ... ငါ့ကို ဘယ်လောက် ဘယ်လိုပြောပြော ငါမမုန်းခဲ့ဘူး.. နင့်ဆီက ငါလိုချင်တဲ့ အဖြေရမယ်လို့ စိတ်တောင် မကူးရဲခဲ့ဘူး..
ငါ ဒါတွေကို ကြိုသိခဲ့ရင် နင့်ဆီက အချစ်ကို မတောင်းခဲ့ဘူး.. ငါ အဝေးက ပဲ ကြည့်နေမှာ... ဟင့်အင်း... ငါ နင် နဲ့ မတွေ့ဘဲ နေလိုက်ရမှာ...

အခုတော့ ငါ တစ်ယောက်တည်း...
နင့်ရဲ့ နွေးထွေးမှု , ချစ်ခြင်း မေတ္တာတွေ က ငါ့ ဒီ တစ်ဘဝ အတွက် လုံလောက်ပါတယ်...

ငါ သိခဲ့သင့်တယ်... ဓာတ်ပုံတွေ...

အခု အဲ့ ဓာတ်ပုံထဲ က နင့်ကို ငါ ဘယ်မှာရှာရမလဲ?

နင် က ငါ့ကို မုန်းနေရင်တောင် အနည်းဆုံး... ငါ့မှာ တွေ့ခွင့်ရှိတယ်... နင့် အပြုံး... နင့် အသံ.... တွေကို.

အခု ငါ ဘယ်မှာရှာရမလဲ?

......
သူက တော့ မီးခိုငွေ့တွေ နဲ့ အတူ လေထဲကို လွင့်မျောသွားပြီ...

အောင်... နောက်ဘဝမှာ အချစ်စစ်နဲ့ ပျော်ပျော်နေပါနော်...

.......

တစ်လောကလုံး မှောင်မိုက်သွားသလိုပဲ..
ကျမ လည်း အိမ်ပြန်ရောက်ရောက်ချင်း ကျမ အခန်းထဲက သူနဲ့ ကိုယ့် ဓာတ်ပုံလေးတွေ နဲ့ သူ နဲ့ ကိုယ့် ရဲ့ ဆင်တူ လက်စွပ်လေး နှစ်ကွင်း ကို ပိုက်ရင်း ငိုကြွေးနေမိတယ်..

အခန်းထဲ မှာ ဘယ်လောက်ကြာအောင်ငိုမိသွားလဲ ကိုယ်မသိဘူး..

မျက်လုံးတွေလည်း ရဲပြီး အစ်နေတယ်..

ကျေးဇူးတင်ပါတယ် အဖေ နဲ့ အမေ က ဒီအတိုင်းလေး လွှတ်ထားပေးလို့..

နောက်တနေ့ အောင် ရဲ့ အမေ ရောက်လာတယ်... လက်ထဲမှာ စာအုပ်လေးနဲ့...

အဲ့ဒါ အောင် က ကျမ ကိုပေးဖို့တဲ့...

ကျမ ကို ငိုအောင်လုပ်နေသလိုပဲ..

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now