4

592 29 2
                                    

ကျမ အထင်နဲ့ အမြင် တလွဲဆီပဲ... သူကျမ နဲ့ စကား လုံးဝ မပြောဘူး..
လေယာဉ်ပေါ်မှာလည်း သူ့ကို ပဲ ကြည့်နေမိပေမယ့်... သူက လုံးဝ မကြည့်ဘူး...

ဟိုကိုရောက်တဲ့ အထိလည်း ပြောစရာရှိတောင် တခြား သူကိုပဲပြောတယ်..

ကျမ စိတ်ထဲ တော်တော်မကောင်းဘူး..

ကျမ လိုက်ပြောလည်း ၁ ခွန်းလောက်ဘဲ ဖြေတယ်..

အဲ့အိမ်ကိုရောက်တော့.. ကျမတို့ အခန်းနေရာတွေ ချပေးတယ်.. ဖြစ်ချင်တော့ သူ နဲ့ ကျမ က မျက်နှာချင်းဆိုင် အခန်း.. ဒီလောက် ဖြစ်နေတာတောင် ရင်ထဲမှာ ပန်းပွင့်တုန်း...

၁ ပတ်ကြာသွားတယ်.. ဘာမှ မထူးဘူး..

"အောင်.. နိုးပြီလား?"
"အင်း"

"ပူတယ်နော်"
"အေး"

"နင် ဓာတ်ပုံလေးရိုက်ပေးပါလား ငါ့ကို"
"မရိုက်တတ်ဘူး"

"နင်ဘာစားချင်လဲ.. သွားဝယ်မယ်လေ"
"မစားဘူး.."

အဲ့လို အဖြေတွေကြားမှာ ကိုယ်လည်း စိတ်ညစ်လာတယ်..
ဒါပေမယ့် သူ့ပုံလေးတွေ ခိုးရိုက်ထားတယ်..

တစ်ညတော့ ကျမ တို့ ပါတီလေး လုပ်ဖြစ်တယ်င.. ပုံမှန်ဆို ကျမ မသောက်ဘူး.. အဲ့နေ့က စိတ်ညစ်နေတာနဲ့ ၁ ဘူးလောက်တော့ သောက်လိုက်တယ်..

ပြီးတော့... ဝရန်တာ မှာ တစ်ယောက်တည်း ထိုင်ပြီး သီချင်းနားထောင်နေတဲ့ သူ့ဆီကို သွားပြီး...

"အောင်...." သူ့ ပုခုံးကို သွားထိလိုက်တယ်...

"နင် သောက်ထားတာလား.." သူ ကျမ မျက်နှာကို ကြည့်ပြီး မေးတယ်..

"အေး နည်းနည်း.. ငါထိုင်လို့ရမလား...?"

"ထိုင်... ငါ အထဲဝင်တော့မှာ.."

အဲ့အချိန်မှာ ဖြစ်လာတဲ့ ဒေါသက အရမ်းဆိုးသွားပြီး..

"အောင်! နင် အရမ်း တရားလွန်တယ်လို့ မထင်ဘူးလား! ငါ့ကို ဆို နင် အမြဲ အဲ့လိုပဲ.. ငါ့ကို ဘာလို့ အဲ့လောက်မုန်းတာလဲ... ငါဘာလုပ်လို့လဲ.. နင်က ငါ့ကို ဆို အမြဲ လျစ်လျူရှုတယ်ဟာ... အရမ်းများ မှားလားဟာ နင်နဲ့ ခင်ချင်မိတာ အရင်လို.." ကျမ ပြောရင်း မျက်ရည်တွေ ကျလာတယ်.. သူ့ကို အော်ပြောပြီး သူ့ ပုခုံးကို တိုက်ပြီး အထဲကို ပြေးဝင်သွားတဲ့ အချိန်...

ငိုထားတာရော သောက်ထားတာရော ရဲ့ အရှိန်ကြောင့် ကိုယ်ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး..

သတိထားမိတဲ့ အချိန်မှာ ကိုယ်မျက်လုံး ပြုတ်ထွက်မတတ် လန့်သွားတယ်.. အဲ့ဒါက... သူ့ နှုတ်ခမ်းက ကိုယ့် နှုတ်ခမ်းပေါ်မှာ... 

အတင်းရုန်းပေမယ့် သူက ကိုယ့် လက်မောင်း နှစ်ခုလုံးကို ဆုတ်ကိုင်ထားတယ်...
မူးတဲ့ အရှိန်တောင်ပြေသွားတယ်.. ကိုယ်လည်း အားကုန်သုံးပြီး.. ရုန်းလိုက်တယ်..

"အောင် ! နင် ဒါဘာအချိုးချိုးတာလဲ.. ငါ အပေါစား မိန်းကလေး မဟုတ်ဘူး! နင့်ကို မုန်းတယ်!"

ကိုယ့်နှုတ်ခမ်းကို လက်နဲ့ ပွတ်ရင်း ကျမအခန်းထဲကို ဝင်သွားလိုက်တယ်..

စိတ်ထဲမှာ ရှက်မိသွားတယ်... ငါ့ကို အပေါစား ဆန်ဆန် ဆက်ဆံတာ... ဒါ ယုတ်မာတာ...

••••••

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now