5

529 30 0
                                    


မနေ့ညက အကြောင်းက ခေါင်းထဲကကို မထွက်ဘူး.. မုန်းတယ် အရမ်းပဲ.. အိပ်ခန်း အပြင်တောင်မထွက်ချင်ဘူး.. ရှက်လို့.. သူ နဲ့ မျက်နှာချင်းလည်း မဆိုင်ရဲဘူး...

ဒါပေမယ့် ဘယ်တတ်နိုင်မလဲ.. ရေမိုးချိုးပြီး အောက်ဆင်းလာတော့.. သူ့ကို မတွေ့... အိပ်နေတုန်းလား မသိ.. တော်ပါ.. ငါ့အပူမပါဘူး... ထားလိုက်မယ်ဆိုပြီး ပေါင်မုန့်လေး စားတုန်း..
"အောင် ကို သွားနှိုးလိုက်ပါလား" တဲ့..

"ငါ နှိုးရမယ်??? No ပါ... ကျားမြီးပဲ ပြေးဆွဲလိုက်မယ်..."

"နင်ကလည်း.. သွားလိုက်ပါ.."

"နင်တို့ အားနေတာကို..."

"ငါတို့ ဈေးသွားရဦးမှာ... "

"အေး ပြီးရော.."

လှေကားထစ်ပေါ်တက်သွားရင်း... သူ့ အခန်းရှေ့ရောက်တော့..

"ဒေါက် ဒေါက်.. ဟဲ့ ထတော့"
စကားပြန်မရ..

"ဟဲ့ရေ.. ထတော့ ဆိုနေ..! "
"အောင်!! ထတော့!! နင်မထရင် ငါဝင်လာမှာနော်!"

ဘာမှပြန်မပြောဘူး ကျေးဇူးရှင်ကပါးစပ်မပါတာ ကျနေတာပဲ..

တံခါးဖွင့်ကြည့်တော့ ပွင့်သွားတယ်.. ဟင်.. သော့ပိတ်ပြီးလည်း မအိပ်ဘူး..

စောင်အဖြူအောက်မှာ ခေါင်းမြီးခြုံပြီး အိပ်နေလေရဲ့..

"ဟဲ့ ထဆိုနေ!!" ဆိုပြီး စောင်ကို ဆွဲလိုက်တော့ စောင်အောက်မှာ ခွေခွေလေး အိပ်နေတဲ့ သူ့ကိုတွေ့လိုက်ရတယ်..

ဘာလား သူက.. မနိုးတာလား..

သူ့လက်ကို သွားတို့ပြီး..
"အောင်..."

တမျိုးပဲ... မသင်္ကာလို့ ကိုယ်စမ်းကြည့်တော့.. ပူနေချက်!!

"အောင်.. နင် ဖျားနေတာလား..? ပြဿနာပဲ... ခဏလေး.. ငါပြန်လာမယ်နော်.. ခဏ...."

"မသွားနဲ့..." သူ့အားမရှိတဲ့ အသံနဲ့ ပြောရှာတယ်..

" နင့်ကိုအနည်းဆုံးရေဝတ်တင်ပေးရမှာလေ....ငါ..."

"ဘေးမှာပဲနေ... နင်ရှိရင် ငါသက်သာတယ်..."
ကျမလည်း သူ့ကုတင် အစွန်းလေးမှာ ထိုင်ပြီး သူ့ကို ကြောင်ကြည့်နေမိတယ်...

"ဘာတွေ အဲ့လောက်ကြည့်နေတာလဲ"

"ထူးဆန်းလို့.."

"ဘာကလဲ?"

"နင်လေ... ငါ့ကို အမြဲရှောင်နေတဲ့ နင်က.. ငါ့ကို ခု ဘေးမှာနေပေးတွေရော...."

သူလှဲနေရာက ထ ပြီး.. ကျမ ကို ဆွဲဖက်လိုက်တယ်...

"နင် ဒါက...."

"ခဏလေးပါ... မနေ့က ဖြစ်ခဲ့တာ အကုန် ငါ့စိတ်ရင်းပါ..."

"လွှတ်... ငါမယုံပါဘူး..."

"ငါ့မှာ အကြောင်းရှိလို့ပါ အရင်က... ဒါပေမယ့် အခု... ငါ့အတွက် နင် မရှိလို့ မဖြစ်ဘူး... ယုံပေးပါ..."

"တကယ်နော်....?"

"အင်း..."

ကျမ အရမ်းပျော်သွားတယ်..
၅နှစ်လုံး ဇွဲရှိရှိစောင့်လာခဲ့ရသမျှ အကျိုးပေးပြီ... ဟီးဟီး
••••••

ကံတရားက... ဆန်းကြယ်လွန်းတယ်

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now