10

829 31 2
                                    

May လ ဆိုတာ ပန်းလေးတွေ ပွင့်ပြီး လှပ တဲ့ လလေး တစ်လပေါ့... ကျမ ရဲ့ အချစ်ဦးရဲ့ မွေးလ... နောက်ပြီး သူ ထွက်သွားတဲ့လ ပေါ့...

Spring day သီချင်းထဲက လို ကိုယ် ဘယ်လောက်စောင့်ရမလဲ.. ထက်တွေ့ဖို့... ကိုယ်လည်း မင်းဆီလာမှာမို့.. အဲ့ နေရာလေးမှာ စောင့်နေပါနော်...

•••••
သူထွက်သွားတာ အခုဆို ၁ နှစ်ကျော်တောင် ရှိရောပေါ့...
အချိန်ဘယ်လောက်ကြာကြာ ကိုယ် မမေ့ပါဘူး..

သူနဲ့ ကိုယ့်ရဲ့ ဆင်တူလက်စွပ်လေးက ကိုယ်နဲ့ အမြဲအတူရှိတယ်..

ကျမ လည်း မကြာခင်.. ပညာတော်သင် သွားရတော့မယ်.. နောက် ၂ ရက်နေရင်လေ...

မိုးတွေတောင် ရွာနေပြီ... သူ့အဆောင်လေးဆီ ကိုယ်သွားပြီး သူ့ကို နောက်ဆုံး အကြိမ် နှုတ်ဆက်မလို့....

သူ့အဆောင် အောက်ရောက်တော့.. Spring day သီချင်းလေး ကို နားထောင်ရင်း အရင် က အကြောင်း ကို ပြန်ပြောင်းတွေးမိတော့... ပြုံးမိတယ်..

နောက် သူငယ်ချင်း က ရောက်လာတော့...

အောင် ကို သတိရလို့လားတဲ့...

ဒါပေါ့... ဘယ်တုန်းက မှ မမေ့ခဲ့တာ..

သူငယ်ချင်းကိုလည်း အကျိုးအကြောင်း ပြောပြီး နှုတ်ဆက်လိုက်တယ်..

သူ မရှိမှန်း သိနေပေမယ့် သူရှိနေသလိုပဲ... သူ့အနွေးဓာတ်ကို ကိုယ်ခံစားမိတယ်...

အောင်.. ကြားလား? ငါ သွားတော့မယ်..နောက် ဒီကို ငါ ပြန်မလာနိုင်လောက်တော့ဘူး.... ငါ ဘဝကို ပျော်အောင် နေတော့မယ်...

နှုတ်ဆက်ပါတယ် အောင်..

•••••••

သူ့ကို ထားပြီး ကျမ ထွက်သွားတာ.. ၇ နှစ်ကြာသွားတယ်... မြန်မာပြည်ကို ပြန်မလာတာ အဲ့လောက်ကြာသွားပြီ..

ကျမ ကိုရီးယားမှာ နေရတဲ့ ဘဝက သာယာပြီး အရာရာ အဆင်ပြေနေပါပြီ
.. အစစ အရာရာ ပေါ့...

သူကလွဲလို့...

ကျမ ရဲ့ အိပ်မက်ဖြစ်တဲ့ ကော်ဖီဆိုင်လေးက အခန့်သား.. အရာရာက လှပ နေပါတယ်...

လက်စွပ်လေး နှစ်ကွင်းကလည်း လည်ပင်းမှာ အမြဲနေရာယူလျက်.. သူ့ စာအုပ်လေးရောပေါ့...

ဆိုင်နာမည်လေးက...
" Spring " တဲ့...

....အချစ်ဆိုတာကို ထက်မရှာတွေ့ခဲ့ဘူး... အဲ့နေ့ မတိုင်ခင်ထိပေါ့...

ကျမ ရဲ့ ဆိုင်လေး ထဲကို ဝင်လာတဲ့ သူ၁ယောက်ကြောင့်...

"အောင်?" လို့ ကိုယ်ခေါ်မိလိုက်တယ်..

"ဘယ်သူလဲ"တဲ့ ကျမ ကို ကိုရီးယားလို ပြန်ပြောတယ်..

ကျမ ကို က ရူးတာ..

"တောင်းပန်ပါတယ်... အသိ နဲ့ အရမ်းတူလို့ပါ"

"ရပါတယ်.. ကျတော်လည်း ခင်ဗျား ကို ရင်းနှီးနေပါတယ်... ဒါနဲ့ ကျတော် က..
Min Yoongi ပါ..."

"ကျမ က...  ခင် ပါ"

••••••••••••••••

The End 🌿

အချစ်ကို မင်း နဲ့ စတင် ခဲ့တယ်..
မင်းက ပဲ ပြီးဆုံးပေးပါ..

လှပသော ကျိန်စာ ( A Beautiful Curse)Where stories live. Discover now