Part - 1 ( Zawgyi )

24.8K 662 9
                                    

💙 Today 💙

သီချင်းနား​ထောင်​ကာ ​ခေါင်းငိုက်စိုက်ရင်း
သူ ​​​​​လမ်း​လျှောက်​လာခဲ့တယ်

📆 2018 နိုဝင်​ဘာလ လ 1 ရက်​📆

ဒီ​နေ့ဟာ ကျွန်​​တော်​ သိပ်​ချစ်​ရတဲ့ ​လ​ရောင်​ ​ရဲ့
မင်္ဂလာပွဲ​နေ့​လေးပါ။

ချစ်​ရသူရဲ့လက်​ကိုတွဲထားရမယ့်​အစား
သူ့ရဲ့လက်​ထပ်​ပွဲကို ဂုဏ်​ပြုဖို့
သွားရတာဟာ ဘယ်​​လောက်​နာကျင်​ရသလဲ
ဆိုတာ ခံစားဖူးသူ​တွေပဲ သိမှာပါ

ကျွန်​​တော်​ ​သေရမှာမ​ကြောက်​​ပေမဲ့
အသည်းကွဲရမှာ​တော့ ​သေလောက်​​အောင်
ကြောက်​တယ်​ဗျာ

လ​ရောင်​ . . .ခင်​ဗျား ရက်​စက်လွန်း​​တယ်

________*________*_________*_________

" ဒုန်း "

" ဟယ်​ ​ကောင်​​လေး တစ်​​ယောက်​ ကားတိုက်​မိပြီ "

" မြန်​မြန်​ ​ဆေးရုံကား ​ခေါ် ကြပါ "

" ငယ်​ငယ်​​လေး​တော့ သနားပါတယ်​ "

" မ​သေ​လောက်​ပါဖူး​နော်​ "

ဆူညံ သံ​တွေနဲ့ အတူ လူ​တွေ
သူ့အနားဝိုင်းအုံလာကြသည်

နာကျင်​ကိုက်​ခဲ​နေရာမှ သူ ပြုံးလိုက်​သည်

နောက်​​တော့ တစ်​​လောကလုံး
အ​မှောင်​ကျသွား​လေသည်

______*________*_________*________*_____

💜 ( Ruka ၏ အတိတ်​သို့ ပြန်​လည်​ခြင်းအစ )💜

အိပ်​​နေရာက​နေ Ruka ဖြတ်​ခနဲနိုးလာသည်
လင်းဖြာ​နေ​သော ​နေ​ရောင်​က Ruka ရဲ့
မျက်​နှာ​ပေါ် ၀ဲကျ​နေသည်

" ဟူး ဒီ​နေ့ ​နေသာတာပဲ "

အ​ညောင်းဆန့်​ ရင်း သူ ​ရေရွတ်​လိုက်​သည်
ကဲ ထုံးစံအတိုင်း ​ရေမိုးချိုး ပြင်​ဆင်​ကာ 
သင်တန်း​​သွားရ​ပေမည်

" I found a love for me 🎵🎵 "
( ဖုန်းမြည်​သံ )

သူအကြိုက်​ဆုံး Ed Sheeran ရဲ့
Perfect သီချင်းသံ​လေး မြည်လာတာကြောင့်
ဖုန်းကို ​​ကောက်​ကိုင်​လိုက်​သည်

" Hello "

" ​ဟျောင့်​ Ruka မင်း ဘယ်​အချိန်
သင်​တန်း ​​ရောက်​မှာတုန်း "

" ဟုတ်​ကဲ့ ဆရာဇွဲ ကျွန်​​တော်​ အခု လမ်းမှာပါ 
ရောက်​​တော့မှာ "

" ​အေး မြန်​မြန်​လာခဲ့ကွ ​နောက်​မကျ​စေနဲ့
ငါဆွဲခိုင်းထားတဲ့ မိတ္တူတွေ မ​မေ့​နေနဲ့ဦး "

" ဟုတ်​ ဟုတ်​ ဆရာ "

ထုံးစံအတိုင်း ဆရာဇွဲက အမြဲ ​နောက်​ကျ
တတ်​​သော သူ့အ​ကြောင်းကို သိ​သော​ကြောင့်
ဖုန်းဆက်​သတိ​ပေး​လာသည်

လမ်းမှာဟုသာ လိမ်​လိုက်​ရတာ ​ခုထိ
အိပ်​ယာထဲကမထရ​သေး၊ ကဲ ၀ုန်းခနဲထကာ
ရေချိုးခန်းထဲ ​ကောက်​၀င်​ခဲ့လိုက်​သည်

"အာ ​ခေါင်း​တွေ က ကိုက်​လိုက်​တာ "

💗💗💗

သူဝတ်​​နေကျ T shirt ​အဖြူ
ချည်​သားဘောင်းဘီ အတို​နဲ့
G-Shock နာရီ​အမဲ​လေး ပတ်​လိုက်​ရင်​ပဲ
ဲပြင်​ဆင်​မှုက ပြီးသွားပြီ 

ကျောပိုးအိတ်​​ကောက်​ဆွဲတာ
အ​ဆောင်​တံခါးကို ​သော့ခတ်​လိုက်သည်

ပြီး​တော့ ဖွာလန်​ကြဲနေတဲ့ သူ့ဆံပင်
ရေစိုစိုတွေကို သပ်​တင်​လိုက်​ရင်း
တံခါးဆီသို့ ​လျှောက်​လာသည်

" ဟဲ့ ​ကောင်​​လေး အ​ဆောင်​လခ
ပေးရဦးမယ်​​နော်​ ​မေ့မ​နေနဲ့ဦး "

ဝရံတာ​ပေါ်က​နေ အ​ဆောင်​မှူးရဲ့ 
အော်​သံ​ကြောင့်​ သူလှည့်ုကြည့်​လိုက်​သည်

" ဟုတ်ကဲ့ ​ည​နေ​ပေးပါ့မယ်​ဗျ "

သ​ဘောမ​ကောင်း​သော အ​ဆောင်​မှူးကို
ပြန်​​ပြောလိုက်​ရင်း ခပ်​မြန်​မြန်​ လှည့်​ထွက်​ခဲ့
လိုက်​သည်

သူ့ဦး​နှောက်ထဲမှာ ဒီအဖြစ်​အပျက်​တွေကို
ရင်းနှီးသလို ဖြစ်​​နေသည်​မှာ​တော့
သိပ်​ကို ထူးဆန်း​နေ​ပေသည်

Today ( Completed)Where stories live. Discover now