Episode-1

31.6K 1.7K 15
                                    

Zawgyi

ဆယ်နှစ်ကြာပြီးသည့်နောက်တွင်တော့ ဖန်းကျစ်ဖေးဟာ အကျဉ်းထောင်ထဲတွင် အသတ်ခံလိုက်ရသည်။ကျိုးယွင်ရှန့် ဒီသတင်းကို ရရှိတဲ့အခါမှာတော့ သူဟာ ဒီကမ္ဘာကနေ နှင်ထုတ်ခံလိုက်ရပြီဖြစ်သည့်အတွက် သူမှာ တုံပြန်ဖို့အတွက် အချိန်လေးတောင် မရရှိလိုက်ပေ။အစွမ်းကုန်မြင့်တက်လာတဲ့ သူရဲ့ စွမ်းအင်တွေကို သူရဲ့ ဝိညာဉ်ထဲကို ပေးပို့စေလိုက်သည်။သူရဲ့ မူလခန္ဓာကိုယ်ကို ပြန်လည်ရောက်ရှိတဲ့ အခါမှာတော့ သူက ထိုစွမ်းအင်တွေကို 008ရဲ့ သိုလှောင်အိမ်ထဲကို ပြန်ထည့်ပြောင်းလိုက်သည်။

"သူ နိုးလာပြီ သူ နိုးလာပြီဟေ့!"
တစ်စုံတစ်ယောက်က အော်ဟစ်ချီးမြောက်ခဲ့သည်။

အဲဒီနောက်မှာတော့ လက်ပေါင်းများစွာက ခန္ဓာကူးပြောင်းလှောင်ကန်ထဲမှာ မူးဝေနေတဲ့ ကျိုးယွင်ရှန့်ကို အပြင်ထုတ်ပေးဖို့ရန်နှင့် သူ့ရဲ့ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ကူညီပေးဖို့ရန်အတွက် ရောက်ရှိလာခဲ့သည်။

"ကျွန်တော် သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ?"
သူက သူရဲ့ virtual helmat(ပုံရိပ်ယောင်ကမ္ဘာနဲ့ ချိတ်ဆက်မြင်နိုင့်သည့် ဦးထုပ်)ကို ချွတ်ယူလိုက်ကာ အနီးပတ်ဝန်းကျင်ကို ကြည့်ပြီး လေ့လာလိုက်သည်။ဒီနေရာက မြေအောက်ခန်းမှာ ရှိတဲ့ ဆေးရုံနှင့် တူနေသည်။

"ရှင် သတိမေ့နေတာ တစ်ရက်နဲ့ တစ်ညတောင် ရှိသွားပြီ"
သူနာပြုဆရာမ ငယ်ငယ်လေးက အားဆေးတောင့်ကို သူရဲ့ ပါးစပ်ကို ထိုးထည့်ကာ ဖြေပေးလာသည်။

"မင်း ကိုယ်တိုင်ပျက်စီးခြင်း (self-destruct) programကို တွေ့ခဲ့လား?"
Marshal(အကြီးအကဲ)က ကျိုးယွင်ရှန့်ရဲ့ သတင်းကို ရတာနဲ့ အပြေးအလွှားပြေးလာခဲ့သည်။

"ဟင့်အင်း , ဒါပေမယ့် ကျွန်တော် ခြေရာတော့ နည်းနည်းခံမိထားပြီ။ ကျွန်တော် အချိန် ပိုလိုအပ်တယ်" ကျိုးယွင်ရှန့်က အဝတ်အစားတွေကို ပြန်ဝတ်လိုက်ပြီး သူရဲ့ ဦးထုပ်ကို ကိုင်လာလိုက်ကာ သူ့ရဲ့ ကိုယ်ပိုင်အလုပ်ခန်းထဲကို လျှောက်သွားခဲ့သည်။

"ကျွန်တော် ဒေတာတွေကို ပြန်စိစစ်ဖို့ လိုအပ်တယ်။ဒီအချိန်အတွင်း ကျွန်တော်ကို ဘယ်သူမှ မနှောက်ယှက်ပါစေနဲ့"
သူက အသံခပ်လေးလေးနဲ့ပဲ ပြောခဲ့သည်။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now