Episode-8

15.5K 1.7K 103
                                    

Zawgyi

ထိုနေ့မှာပဲ ရွှယ်ကျင်းရီက ဖိတ်စာတစ်စောင် လက်ခံရရှိခဲ့သည်။နိုင်ငံတကာ စန္ဒယားလောကမှာ အကြီးမြတ်ဆုံး တံခွန်စိုက်ပြိုင်ပွဲဖြစ်သည့် ချိုပင် နိုင်ငံတကာ စန္ဒယားပြိုင်ပွဲမှ ဖြစ်လေသည်။ပွဲစဉ်များကို ကလေးငယ်များ အုပ်စု ၊ အငယ်တန်းအုပ်စု၊ အကြီးတန်းများ အုပ်စုဟူ၍ ပိုင်းခြားထားလေသည်။အကယ်၍ မင်းသာ အငယ်တန်းပြိုင်ပွဲ အဆင့်မှာ အနိုင်ရပြီဆိုတာနှင့် ကမ္ဘာ့အကောင်းဆုံး ကောလိပ်ဖြစ်သည့် Curtis Academy သို့ အကြွင်းမဲ့ ဝင်ရောက်နိုင်မည်ဖြစ်ကာ အလွန်ရက်ရောလွန်းသည့် ပညာသင်ဆုကိုပါ ပေးအပ်ခံရမည် ဖြစ်လေသည်။

ရွှယ်ဇီရွှမ်သည်လည်း အသက် (၁၂)မှာတင် အငယ်တန်း အုပ်စု တံခွန်စိုက်ဆုကို အနိုင်ရခဲ့ကာ မှာ အငယ်ဆုံးကျောင်းသား ဖြစ်လာခဲ့ပြီး တစ်လောကလုံးကို သူ့အမှတ်အသား ရှိစေလိုက်သည်။သူက စန္ဒယားတို့ရဲ့ မင်းသား အဖြစ် ဂုဏ်ပြုခြင်းခံရကာ သူ့ဂုဏ်သူ အောင်နိုင်စေခဲ့သည်။သူ စန္ဒယားတီးလိုက်တာနဲ့ ဘယ်ဂီတပညာရှင်ကမှ သူတို့က ထိုကောင်လေးထက် ကောင်းပါတယ်ဟူ၍ မပြောဝံကြချေ။

သူက တစ်ကမ္ဘာလုံးကို သူ့ရဲ့ ထိပ်တန်း ကျွမ်းကျင်မှု ၊ မာန်ပါတဲ့ အမူအယာတွေနဲ့ သိမ်းပိုက်လွှမ်းမိုးနိုင်ခဲ့သည်။

သူ့ရဲ့ ညီမတစ်ယောက်အနေနှင့် ရွှယ်ကျင်းရီရဲ့ လျှောက်လွှာက မီဒီယာတွေနှင့် ဂီတလောကရဲ့ အတွင်းလူတွေထံမှာ ကျယ်ကျယ်ပျံပျံ အာရုံစိုက်ခြင်း ခံနေရလေသည်။သူတို့က သူမကို ကြီးကြီးမားမား မျှော်လင့်နေကြသလို သူမကလည်း စန္ဒယားတို့ရဲ့ ဘုရင်မဖြစ်လာလေမလားလို့ အံ့အားသင့်နေကြသည်။သေချာပေါက်ကိုပဲ တစ်ချို့က ရွှယ်ကျင်းရီရဲ့ ကျန်းမာရေးက ဒီအကြင်နာမဲ့တဲ့ ပြိုင်ပွဲမှာ အားမစိုက်နိုင်မှာ စိုးရိမ်နေကြသည်။ဒါကြောင့် သူတို့က ဒီဖိတ်စာကို သူမထံ ပို့သင့်၊ မပို့သင့်ကို အတော်ကြာ ချင့်ချိန်စဉ်းစားနေခဲ့ကြသေးသည်။

ဒါပေမယ့် ရွှယ်ကျင်းရီက စည်းရုံးရေးကော်မဒီထံသို့ ကိုယ်တိုင်ဆက်သွယ်လိုက်ကာ သူမ ထိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်ဆိုကာ မရမက တောင်းဆိုတော့သည်။ရွှယ်ဇီရွှမ်က သူ့ရဲ့ ညီမကို ပံပိုးသည့်အနေဖြင့် သူကိုယ်တိုင် အကြီးတန်း အုပ်စု ပြိုင်ပွဲတွေမှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်မည်ဟူ ဆိုကာ ပဏာမခြေလှမ်းအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now