Episode-6

13.6K 1.7K 102
                                    

Zawgyi

သူ့ရဲ့ ဝတ်စုံကို လျှိုကြည့်လိုက်တာနှင့်ပင် ကျိုးယွင်ရှန့်တစ်ကိုယ်လုံးက လုံးဝကြီးကို အဆင်မပြေသလို ခံစားလိုက်ရတော့သည်။သူ့ရဲ့ လိင်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် ရွှယ်လီဒန်နီက ခေါင်းအစ ခြေအဆုံး ရှုပ်ထွေးပိတ်လှောင်နေမည့် ရှေးဆန်ဆန်ဝတ်ဆုံကို ရွေးချယ်ပေးရန် နဂိုထဲက ကြံရွယ်ထားခဲ့သည်။ဒါပေမယ့်လည်း သူမက သူ့ကို သူမ့သမီးရဲ့ နှလုံးသိုလှောင်ရုံ တစ်ခုအနေနှင့်သာ မြင်နေမိတဲ့အတွက်ကြောင့် ထိုကောင်လေးကို စိတ်ရှည်ရှည်နှင့် စောင့်ရှောက်ပေးဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မလဲ?ဒါကြောင့်ပဲ သူမက စတိုးဆိုင်က ပေးတဲ့ fashion cathelogueကို သာမာန်ကာလျှံကာပဲ လှန်လှောရှာလိုက်ကာ ဖြူစွတ်စွတ်အရောင် လည်ပင်းခပ်မြင့်မြင့် လက်ရှည်ရှည်နှင် flowy dressကို ညွှတ်ပြလိုက်ပြီး ချက်ချင်းပဲ "ဒါ"လို့ ပြောလိုက်သည်။

သူမက မော်ဒယ်ရဲ့ အရှေ့ပိုင်းကိုသာ ဖြတ်ခနဲ ကြည့်ခဲ့ခြင်း ဖြစ်သည်။သူမသာ ဒုတိယစာမျက်နှာက နောက်ကျောအသားပေးပုံကို ကြည့်ခဲ့လိုက်လျှင် ထိုအင်္ကျီက အရှေ့ပိုင်းသာ ရှေးဆန်ဆန်ဖြစ်နေပေမယ့် နောက်ကျောဘက်ကတော့ ကျောပွင့်ဆိုတာကို မသိမရှိ သိမည်ဖြစ်လေသည်။လက်ပြင်ရိုးနေရာသာမကဘဲ ကျောရိုးဆစ်လေးတွေ အပါအဝင် တင်ပဆုံလေးရဲ့ အက်ကွဲကြောင်းထိပ်လေးအထိကိုပင် ဖော်ပြထားကာ မတွန်းလှန်နိုင်လောက်သော ဖိုမသဘာဝကိုပင် လှိုက်လှဲစွာ ကြိုဆိုနေလေသည်။

ကျိုးယွင်ရှန့်က ဝတ်ဆုံကို လှဲလှယ်လိုက်ပြီး နောက်ဆုံးမှာတော့ ဒါက ဒီဇိုင်နာရဲ့ အထူးပုံစံဆိုတာကို သတိထားမိတာနဲ့ သူမျက်နှာက ချက်ချင်းပဲ စိမ်းညို့သွားတော့သည်။ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ပြီး ဒုတိယတစ်စုံကို ရှာဝယ်ရန် နောက်ကျသွားပြီ ဖြစ်တဲ့အတွက်ကြောင့် အိုးနင်းခွက်နင်းနှင့်ပင် လျှော်ကာ ပြီးလိုက်ရသည်။

ဒါကြောင့်ပဲ အခု ပြဿနာကောင်ကြီးက မင်းရဲ့ နဂိုဗီဇလိင်ကို မမှတ်မိတော့ဘူးလားဆိုသည့် မေးခွန်းမျိုးကို မေးမည့် အနေအထား ရှိနေတာနဲ့ သူက သရော်လိုက်သည်။
"တကယ်လို့ ဦးကြီးသာ ဖိတ်စာပေါ်မှာ "သိမ်သိမ်မွေ့မွေ့ဝတ်ဆင်တက်ရောက်ရန်"ဆိုတာမျိုးသာ မကန့်သတ်ထားရင် ကျွန်တော် ဘယ်ဝတ်စရာ လိုလိမ့်မလဲ?"
ထိုလူက ရည်ရွယ်ချက်ကြီးနဲ့ သတ်သတ်လုပ်ချလိုက်ခြင်းပင် ဖြစ်သည်။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now