Episode-7

13.2K 1.7K 97
                                    

Zawgyi

ကျိုးယွင်ရှန့်က သူ့အဝတ်တွေကို လဲလိုက်ကာ ထမင်းစားခန်းဆီ ပြန်သွားလိုက်သည်။သူ မထိုင်ချလိုက်ခင်မှာပဲ မနေ့ညတုန်းက ရွှယ်ယျန်အတွက် သစ္စာဖောက်ကို ကိုင်တွယ်လိုက်သည့် လူငယ်လေးက နွေးထွေးတဲ့ အပြုံးနဲ့အတူ သူ့ဆီ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။နောက်တွင်လည်း ကြောက်ရွံ့နေဟန်ရှိသည့် ဘဏ္ဍာထိန်းကြီးက လိုက်ပါလာခဲ့သည်။နှစ်ဦးသား စကားဖလှယ်ချက်အရ ထိုလူက ရွှယ်ယျန်ရဲ့ အယုံကြည်ရဆုံး လက်ထောက် ရွှယ်လောင်စီ ဖြစ်နေခဲ့သည်။ဘဏ္ဍာထိန်းကြီးက ရွှယ်ကျင်းရီကို သူမ့အခန်းဆီသို့ ပြန်ခေါ်သွားခဲ့ပြီး ဖြစ်တာကြောင့် ထိုလူအနေနှင့်လည်း မသင်္ကာစရာဟူ၍ မရှိတော့ပေ။

"ကျင်းရီ မနက်စာစားပြီးပြီလား?"
ရွှယ်လောင်စီက ပျော်ပျော်ပဲ နှုတ်ဆက်လာခဲ့သည်။

"မစားရသေးဘူး။ခင်များကော…"
ကျိုးယွင်ရှန့်က ပေါင်မုန့်မီးကင်တစ်ချက်ကို လှမ်းယူလိုက်သည်။

"ကျွန်တော်ကတော့ စားပြီးပြီ…ဒါပေမယ့် ယျန်ရဲ့ကတော့ မစားရသေးဘူး။သူက မင်းကို သူနဲ့အတူ စားဖို့ ခေါ်ခိုင်းလိုက်တယ်။မင်း အဆင်ပြေရဲ့လား?"
ရွှယ်လောင်စီက ပြုံးလိုက်ကာ ကောင်လေးဆီက ပေါင်မုန့်မီးကင်ကို ဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ကျိုးယွင်ရှန့်က ဘဏ္ဍာထိန်းကြီးကို စိတ်လှုပ်ရှားနေဟန် အမူအယာလေးဖြင့် ဦးတည်ကြည့်လိုက်ဘေသည်။

ဘဏ္ဍာထိန်းကြီးကလည်း ရွှယ်လွေ့ဆီက အမိန့်ရပြီးသား ဖြစ်သားကြောင့် သူက ပြုံးပြလိုက်ကာ ပြောလိုက်သည်။
"အပေါ်တက်ပြီး အဝတ်လဲချည်ရအောင်လေ"

ကျိုးယွင်ရှန့်က ခေါင်းညိမ့်ကာ ဘဏ္ဍာထိန်းကြီးနောက် လိုက်သွားလိုက်သည်။ရွှယ်လောင်စီကတော့ ပေါ့ပေါ့ပါးပါးပင် မီးဖိုချောင်ထဲ ဝင်သွားကာ စတော်ဘယ်ရီယိုတစ်ဗူးကို ထုတ်ယူလာကာ ကြည့်ရတာတော့ စိတ်မပါဟန်ရှိပေမယ့် ပေါင်မုန့်မီးကင်ပေါ် သုတ်လိမ်းနေလေသည်။

"ယျန်ရဲ့တွေ့ချင်နေတဲ့သူက သခင်မလေးပဲ။ဒါပေမယ့် သခင်မလေးက အိမ်အပြင်ထွက်လို့ မရအောင် ဖျားနေတယ်။ဒါကြောင့်မင်းက သခင်မလေးနေရာကို အစားထိုးပြီး ယျန်ရဲ့ အိမ်ကို အလည်သွားရမယ်။သူ့ကို မင်းရဲ့ ပုံစံအမှန်ကို မသိစေနဲ့။ယျန်ရဲ့က ဒေါသထွက်လွယ်တယ်။မင်းသာ သူ့ကို သွားနှောက်ယှက်မိမယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးဆက်နဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်။မင်းလည်း ကြုံဖူးပြီးသား ဖြစ်မှာပါ…"
ဘဏ္ဍာထိန်းကြီးက စကားလုံးတွေကို သုံးကာ ခြိမ်းခြောက်လိုက်လေသည်။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now