J9 shipping ကို နှစ်သက်တဲ့သူတွေ ကျွန်တော့်wallထဲက fan fictionလေးကို ဖတ်ပေးဖို့ မျှော်လင့်ပါတယ်။ကျွန်တော်လည်း အရမ်းသဘောကျတဲ့ ဟာလေးတစ်ဖမလို့ တစ်ကြိမ်လောက် ဖတ်ပေးရင် ကျေးဇူးတင်မှာပါ။
Zawgyi
ဖိတ်စာပုံစံအများအပြားက စားပွဲပေါ်မှာ ပျံ့နှံ့နေတော့သည်။ဒါကိုပဲ ကျိုးယွင်ရှန့်နဲ့ ရွှယ်ယျန်က ဂရုတစိုက်နဲ့ ရွေးကာ ဖယ်နေတော့သည်။ဆိုဖာထက်မှာ လက်တော့တစ်လုံး ရှိကာ ဘယ်သူ တီးနေမှန်း မသိတဲ့ စန္ဒယားသီချင်းတစ်ပုဒ်ကို ဖွင့်ထားလေသည်။တီးတဲ့သူ ဘယ်သူမှန်း မသိပေမယ့် တရွတ်ဆွဲနေတဲ့ အသံက နားနဲ့ မခံသာလောက်အောင်ကို ရှိလေသည်။ရွှယ်လောင်စီက သည်းခံစိတ်လေး မကုန်ခင် နှစ်မိနစ်လောက်တော့ နားထောင်လိုက်ပြီး အော်လိုက်တော့သည်။
“ရှောင်ရီ ဒီချာတူးလန်နေတဲ့ သီချင်းကြီးကို ပိတ်လိုက်စမ်းပါ။ဒါကြီးက အရုပ်းဆိုးလွန်းပါတယ် မင်းက ပထမတန်းစားဂီတတွေကိုတောင် တီးနိုင်တယ့် ကြော့ရှင်းတဲ့လူငယ်လေးပါ ဘာလို့ ဒီလိုမြင်မကောင်း ရှူ့မကောင်းတဲ့ သီချင်းတွေကို တိုးတိုးလေး နားထောင်ရတာ ကြိုက်နေရတာတုန်း?ဘယ်သူကများ ဒီလိုမျိုး တီးနေရတာတုန်း အွန်လိုင်းပေါ်တောင် တင်ရဲတယ်။ဘာလို့များ အခုထိ တံတွေးပင်လယ်ထဲ မမြုပ်သေးတာတုန်း မသိဘူး”
သူက ပြောပြီးတာနဲ့ ပန်းဆိုင်က ဒေတာတွေကို သူ့ဘော့စ်ထံ လက်ကမ်းလိုက်သည်။မနေ့တုန်းက သူ့ ဖိတ်စာတွေ ယူလာမယ်လို့ ပြောတုန်းက နောက်လိုက်တာ ဆိုပေမယ့် ဘယ်သူက ထင်မှာတုန်း သူ ဒီတောင် မရောက်သေးဘူး မနက် ရှစ်နာရီလောက် ရှိသေးတယ်။ဘောစ့်က သူ့ကို ခေါ်ပြီး ဖိတ်စာတွေ ဘယ်မှာတုန်းလို့ မေးလာတော့တာပဲ။အကူအညီမဲ့စွာနဲ့ပဲ သူမှာ ဖိတ်စာတွေကို မတွေ့တွေ့အောင် လိုက်ရှာရတော့သည်။ဒီနှစ်ယောက်က စုံတွဲဖြစ်ဖို့ တကယ်ကို ထိုက်တန်လွန်းတယ်။သူတို့ရဲ့ ‘ငါပြောရင် ပြောတဲ့အတိုင်း လုပ်မယ်’ဆိုတဲ့ စရိုက်ကြီးက လုံးဝကို တစ်ပုံစံတည်းပဲ။
“နားထောင်တာဖြင့် တစ်မိနစ်လောက်ရှိသေးတယ်။ဘယ်လိုများ ဒီလောက်များများ ပြောနိုင်ရတာလဲ?”
ကျိုးယွင်ရှန့်က သူ့ကို စိုက်ကြည့်လိုက်ကာ အံကြိတ်ပြလိုက်သည်။ထို့နောက် ရှေးနည်းနည်းကျတဲ့ ပုံစံနဲ့ ဖိတ်စာလေးကို ရွှယ်ယျန်ထံ လှမ်းပေးလိုက်သည်။
YOU ARE READING
ဗီလိန်မာယာ (Arc-14) Completed
General FictionQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...