Episode-11

11.7K 1.5K 58
                                    

Zawgyi

ကော်မဒီအနေနဲ့ ကျိုးယွင်ရှန့် ဘယ်သီချင်းကို ဖျော်ဖြေမလဲ သိပြီးတဲ့နောက်မှာတော့ ဘယ်သူကမှ သူ့နောက်မှာ မဖျော်ဖြေချင်ကြတာကြောင့် ပြိုင်ပွဲဝင်တွေကို မဲနှိုက်စေပြီး ပြန်စဉ်ရတော့သည်။သူ့ရဲ့ တင်ဆက်မှု့က သူတို့ရဲ့ တင်ဆက်မှု့ကို သာမာန်လို့ ထင်စေမည်ဆိုသောကြောင့် ဖြစ်လေသည်။သိသိသာသာပဲ အားလုံးက အသက်တူတူပင် ဖြစ်ပေမယ့် အရည်အချင်း ကွာခြားချက်ကတော့ အရမ်းကို ကြီးမားနေလေသည်။သူက အကြောက်တရားကို ထုတ်လွှင့်ပေးနိုင်လောက်အောင် ထူးချွန်လှကာ စတိတ်တစ်ခုလုံးကို သူ့ကျွမ်းကျင်မှု့နဲ့တင် ပြီးပြည့်စုံစေလေသည်။

မဲပုံးထဲကို လက်နှိုက်ရတော့မယ် အလှည့် ရောက်တော့မယ့် လူတိုင်းက ဘုရားသာတနေရတော့သည်မှာ ကိုယ်ရည်သွေးတတ်သည့် ဟန်နာပါ အပါအဝင် ဖြစ်လေသည်။သူမက သူမကိုယ်သူမ ဒီတစ်ဖြတ်ရဲ့ ချန်ပီယံလို့ သတ်မှတ်ထားကာ Curtis Music Academy ဝင်ခွင့်ကလည်း သူမဟာလို့ မှတ်ယူထားခဲ့ခြင်း ဖြစ်လေသည်။ရွှယ်ဇီရွှမ်ကြောင့် သူမ(ကျိုးယွင်ရှန့်)ကို အာရုံစိုက်ခဲ့ဖူးပေမယ့် သာမာန်လောက်သာဟု ယုံကြည်မိခဲ့ခြင်း ဖြစ်လေသည်။

တရုတ်လူမျိုးတွေက မောက်မာနေတာကို ရှက်စရာလို့ တွေးတာကြောင့် သူမရဲ့ အင်အားကို ဖုံးကွယ်ထားခဲ့တာများလား?စစ်မှန်တဲ့ အင်အားဆိုတာ သတိကို ဖယ်ထုတ်လိုက်ပြီးမှ ကြွားလုံးထုတ်နိုင်တာမျိုးပေါ့...သေစမ်း။သူမက တမင်အကွက်ချပြီးမှ လုပ်တာဖြစ်ရမယ်။ဟန်နာက စိတ်ဆိုးမာန်ဆိုးနဲ့ မဲပုံးထဲက လက်ကို ပြန်ထုတ်လိုက်ပြီး မဲနံပါတ်ကို ကြည့်လိုက်သည့်နောက်မှာတော့ သူမမျက်နှာက ဖျော့တော့သွားတော့သည်။(၁၂)...ဒါက အုပ်စုရဲ့ အလယ်လောက်မှာ ရှိနေပြီး နေရာကောင်းတစ်ခုဖြစ်ပေမယ့် ကျိုးယွင်ရှန့်က (၁၁) ဖြစ်နေတာကြောင့် ဒါကြီးက သေမိန့်လိုမျိုး ဖြစ်နေတော့သည်။သူ့နောက်မှာသာဆို ဘယ်သူကများ သူမ့သီချင်းကို နားဆင်ဖို့ စိတ်ရှည်ရှည်ထားနိုင်မှာလဲ?

“မဖြစ်နိုင်တာ.. ဒီလို တိုက်ဆိုင်မှု့မျိုး ဘယ်မှာရှိမှာလဲ? တစ်ယောက်ယောက်က ကြံစည်ထားတာပဲ။ငါ မဲပြန်နှိုက်မယ်”

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now