Episode-3

12.2K 1.6K 19
                                    

Zawgyi

ထို့နောက် ရက်ပိုင်းတွေမှာလည်း ကျိုးယွင်ရှန့်ဟာ ရွှယ်ကျင်းရီကို သူ့အား အမှန်အတိုင်း ပြောရန်အတွက် ဆက်တိုက် လမ်းညွှန်ပေးနေတုန်း ဖြစ်သည်။သို့ပေမယ့်
သူမှန်းဆထားသည့်အတိုင်းပင် သူမက တဖြည်းဖြည်းနှင့် ရှုပ်ထွေးတဲ့နာကျင်မှုတွေကို ထုံပေပေဖြစ်လာကာ သူမရဲ့ စိတ်ရှုပ်မှုတွေ ဆက်ခနဲဖြစ်ပြီး လန့်တတ်တာတွေအားလုံးက တဖြည်းဖြည်း ငြိမ်ကျသွားတော့သည်။

သူမက သူမရဲ့ privateဆရာဝန်ကို ဖုန်းပင် လှမ်းဆက်လိုက်သေးသည်။ထို့နောက် အကယ်၍ သူမသာ surgery မလုပ်ခဲ့ဘူးဆိုလျှင် သူမ အသက်ဆက်ရှင်နိုင်မလားဟု မေးမြန်းခဲ့သည်။ဆရာဝန်ကတော့ ခေတ္တငြိမ်သက်သွားပြီးနောက် ဒါက လုံးဝ မဖြစ်နိုင်ဘူးဆိုတာကိုသာ ဖြေပေးခဲ့သည်။

"သမီး အားပြည့်တာ အရမ်းမြန်ပါတယ်။ပြီးတော့ ဘယ်တော့မှ မပျော်ရဘူးဆိုလည်း မပျော်ပါဘူး။တစ်သက်လုံး ဝမ်းနည်းခွင့် မရှိဘူးဆိုရင်လည်း ဖြစ်ပါတယ်။သမီး တကယ်ကို အေးအေးဆေးဆေးနဲ့ နေနိုင်ပါတယ်။အဲ့လိုဆိုရင်တောင် အလုပ်မဖြစ်ဘူးလားဟင်? သမီးအတွက်နဲ့ အခြားလူရဲ့ နှလုံးကို မသုံးချင်ဘူး…"
သူမက မျက်ရည်တွေ ပြည့်အိုင်ကာ အံသြတကြီးဖြစ်တော့သည်။

ဆရာဝန်ကတော့ သူမကို အဖြေအစား သက်ပြင်းအရှည်ကြီးသာ ချပြခဲ့သည်။

ထို့နောက် သူမဟာ ပင်ပန်းသွားအောင်ကို ငိုကြွေးကာ ဖုန်းကို ချပစ်လိုက်သည်။သို့ပေမယ့် လွန်ကဲကုန်သည့် စိတ်ခံစားမှု အတက်အကျတွေကြောင့် သူမရဲ့ နှလုံးက ပေါက်ထွက်တော့မလို ခုန်ပေါက်ကာ နာကျင်နေတော့သည်။အစပိုင်းတွင်တော့ ဒါတွေကို သည်းညည်းခံဖို့ သူမ့ကိုယ်ကို တောင့်တောင့်ကြီး လုပ်ထားပေမယ့် သူမ အကြာကြီး တောင်မခံထားနိုင်ပေ။ထို့နောက် သူမရဲ့ တုန်ချိချိအသံလေးနှင့် ကုန်းအော်တော့သည်။
"ဖူဘို , ရှောင်ဒိန် ဆေးပေးပါ။ဆေး!"

သူမပြုရှောင်ဒိန်က ခပ်လှမ်းလှမ်းသို့ ရောက်မနေသည့်အတွက် သူမက မြန်မြန်ပြေးလာကာ သူမကို ဆေးအမြန်တိုက်လိုက်သည်။ထို့နောက် မဆိုင်းမတွဘဲ သူမကို ကြမ်းပြင်ပေါ်သို့ အပြားလိုက် လဲချစေကာ အပေါ်ဘက်အပိုင်းမှ ရင်ဘက်ကို ကျပ်နေစေမည့် ကြယ်သီးတွေကို ဖြုတ်ချလိုက်သည်။သူမရဲ့ အသက်ရှုလမ်းကြောင်းကို ပိတ်မနေအောင် သူမ့ ခေါင်းလေးကိုပါ အနည်းငယ် ပင့်ပေးထားလိုက်သည်။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now