Episode-5

12.5K 1.7K 42
                                    

Zawgyi

ရွှယ်ဇီရွှမ်ရဲ့ အသွင်အပြင်မှာ တစ်ခါမှ ထိုမျှလောက် အကျည်းတန်ခဲ့ခြင်းမျိုး မရှိချေ။သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ဂနာမငြိမ်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေမှန်း မသိအောင်ကို ဖြစ်နေမိသည်။ဘဏ္ဍာထိန်းကြီးနဲ့ သူ့ရဲ့ လက်ထောက်တွေက သူ့ကို နှုတ်ဆက်ဖို့ ထွက်လာခဲ့တဲ့အခါမှာတော့ ဘာတွေကြောင့်များ ဒီလိုပုံစံ ဖြစ်နေသလဲဆိုတာကို အံ့အားသင့်နေကြသည်။

"ရှောင်ရီကို ကြည့်ထား သူစိမ်းတွေနဲ့ သူ့ကို မထိတွေ့စေနဲ့"
ဆက်ကျော်သက်လေး လှေကားပေါ် ခုန်ဆွခုန်ဆွနဲ့ တပ်သွားပြီးကာမှ ရွှယ်ဇီရွှမ်က အသံခပ်လေးလေးနှင့် ပြောလိုက်သည်။

"သူ ပြဿနာရှာလာခဲ့လို့လား?"
ဘဏ္ဍာထိန်းကြီးရဲ့ မျက်လုံးထဲတွင်တော့ ခက်ခဲကြမ်းတမ်းသည့် အရိပ်အယောင်တွေ ဖြတ်သန်းသွားတော့သည်။သူက ရွှယ်ဇီရွှမ်ကို ကောင်လေးအား ကောင်းကောင်းမွန်မွန် ဆက်ဆံနေမည့်အစား မြေအောက်ခန်းထဲသာ ပိတ်ထားပါတော့လားဟု အမိန့်ပေးပစ်လိုက်ချင်မိသည်။

"မဟုတ်ဘူး သူက ဒီအတိုင်း ရွှယ်ယျန်နဲ့ မြက်ခင်းပေါ်ထိုင်ပြီး စကားပြောနေရုံတင်"
ရွှယ်ဇီရွှမ်က သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်သည်။ဒါပေမယ့် သူ့ရဲ့ နက်ကတိုင်ကို ဆွဲဖြုတ်လိုက်သည့်တိုင်အောင် သူခံစားနေရသည့် သောကတွေက ပျောက်ကွယ်သွားခြင်း မရှိချေ။ကောင်လေးက ချစ်ခြင်းတရားတွေ မေတ္တာတွေနှင့် ပြည့်နှက်နေသည့် မျက်ဝန်းတွေဖြင့် ရွှယ်ယျန်ကို စိုက်ကြည့်နေကာ သူ့ရဲ့ ပေါင်ပေါ်၌ပင် လှဲအိပ်နေသေးသည်။ထိုမြင်ကွင်းက သူ့ကို အတော် နာကျင်ခံစားရစေသည်။
သူက ဆိုဖာပေါ်သို့ ထိုင်လိုက်ကာ တွေးတွေးစစဖြင့် သူ့ရင်ဘက်ကို ဖိကိုင်လိုက်သည်။

ဘဏ္ဍာထိန်းကြီးထံမှ ထိတ်လန့်သည့် အသံများ ထွက်ပေါ်လာကာ သူက အလျင်အမြန် မေးလိုက်သည်။
"ယျန်ရဲ့က ဘယ်လိုတောင် သူစိမ်းတစ်ယောက်နဲ့ စကားပြောနိုင်ရတာလဲ? သူ တစ်ခုခုများ ရှာတွေ့လိုက်လို့လား?"
ဒါပေမယ့် ပြန်တွေးကြည့်လျှင်လည်း ဒါက မဖြစ်နိုင်ဘူးဆိုတာ ခံစားမိသည်။နှလုံးခွဲပြောင်းယူတာက ပြဿနာကြီး မဟုတ်တဲ့အတွက် အကယ်၍ ယျန်ရဲ့ ရှာတွေ့သွားလျှင်တောင် သေချာပေါက် သူက ဝင်ရောက်စွတ်ဖက်မည် မဟုတ်ချေ။ထုတ်သာ မပြောဘူးဆိုလျှင် ရွှယ်ကျင်းရီမှာ သူနဲ့ တစ်ထပ်တည်းကျတဲ့ အမွှာအကိုတစ်ယောက်ရှိတာကို မည်သူမျှ တွေးမိမည် မဟုတ်ချေ။

ဗီလိန်မာယာ (Arc-14) Completed Where stories live. Discover now