Chapter (5)

3.5K 175 1
                                    

မို့ရတီနဲ့တွေ့ပြီးစကားတွေရှည်ရှည်ဝေးဝေး
မဆန့်ချင်တာနဲ့ လိုရင်းတိုရှင်းပြောပြီး
ပြန်လာခဲ့လိုက်တယ်...

အစကတည်းက
မို့ရတီနဲ့လက်ထပ်ရမယ်ဆိုတဲ့
အကြောင်းကိုကြားပြီးpressureလုံးဝမရှိခဲ့တာအမှန်ပါ...

စားသောက်ဆိုင်မှာသူ့ကိုတွေ့ရတော့ ပိုပြီး
စိတ်ပေါ့သွားတယ်

သူ့ကိုနာမည်ကြားကြားချင်းမမှတ်မိပေမဲ့
လူကိုတွေ့တော့ သူကကျောင်းမှာကတည်းက
ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာသိတဲ့အတွက်...

ကျောင်းမှာယောကျာ်းလေးတွေနဲ့သိပ်ရောတာ
မဟုတ်ဘူး မိန်းကလေးသူငယ်ချင်းတွေ
တောင်ခပ်နည်းနည်းရယ်...

နောက်ပြီးလူကုံထံအသိုင်းအဝိုင်းကဆိုတော့
ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုကပ်
တွယ်မနေဘူးဆိုတာသိတယ်

မို့ရတီရေ...မင်းရဲ့မာနကိုထိခိုက်သလိုဖြစ်သွားရင်တော့စိတ်မကောင်းပါဘူးကွာ

မင်းကမချစ်တတ်လို့ သင့်တော်မယ်ထင်တဲ့လူကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်နိုင်ပေမဲ့...

ကိုယ်ကတော့ချစ်တတ်တယ်ကွ

ကိုယ်ကကိုယ်ချစ်တဲ့သူမဟုတ်ရင်ဘယ်သူ့ကိုမှလက်ထပ်ဖို့စိတ်ကူးမရှိ
.
.
.
....................

"Oh...အရှေ့မှာပန်းချီပြပွဲဆိုပါလား...
.
.
.
umm...အဖေလဲအခုစိတ်ဆိုးနေမလားမသိ"

💡Ah...ပန်းချီလေးတစ်ကားလောက်ဝယ်ပြီး
မျက်နှာလုပ်လိုက်မယ်

မူး ပန်းချီကားတွေအကြောင်းသိပ်မသိသော်
လည်း နားမပူစေရေးအလို့်ငှါ...

အားလပ်ချိန်တိုင်းပန်းချီဆွဲလေ့ရှိသော
ပန်းချီကြိုက်သူမောင်မူးရဲ့အဖေအား ပန်းချီကားဝယ်ပေးရန် ပြပွဲရှေ့ကားရပ်လိုက်ပြီး ပြခန်းအတွင်းသို့ဝင်ရန် ပြင်စဉ်...

"အစ်ကို လက်မှတ်လေးပြပါ"

"Umm... လက်မှတ် ဘာလက်မှတ်လဲ"

"အစ်ကိုပြပွဲလက်မှတ်မပါဘူးလား?

Sorryအစ်ကိုလက်မှတ်မပါရင်ပြခန်းထဲဝင်လို့မရပါဘူး"

Sugar...Where stories live. Discover now