Chapter (38)

1.6K 74 6
                                    

At cafe...

လက်နှစ်ဖက်ကဆုပ်ကိုင်ထားမိတဲ့coffee
ခွက်ရဲ့အပူဓာတ်တွေကလည်းပျက်ပြယ်စပြုနေ
ပြီး မူးသောက်နေတဲ့နွားနို့ခွက်ထဲကနွားနို့တွေကလည်းတစ်စက်မကျန်ကုန်စင်ခြင်းဖြင့်သင်္ခါရ
သဘောသို့ကူးစက်ခဲ့လေပြီ...

ငါဘာလို့အခုထိမူးကိုပြောဖို့အတွက်စကားလုံး
တွေရပ်တန့်နေရတာလဲ...

" ကိုနက် "

"မူး coffeeသောက်အုံးမလား...

Umm...

မူးကcoffeeမှမကြိုက်တာ..."

ရွှေချထားဖို့ကောင်းပါသောပါးစပ်ဖျားလေးမှ
တလွဲဝေါဟာရများထွက်ကျလာပါသောကြောင့်
အိနြေ္ဒပြန်ဆည်လိုက်ပြီး...

"မူး...
ကိုယ်တို့ချစ်သူတွေဖြစ်နေတဲ့အကြောင်းမိဘ
တွေကိုပြောကြမလား..."

" . . . "

"မူးကမပြောချင်ရင်လဲရတယ်နော်
ကိုယ့်ကိုအားမနာနဲ့

ကိုယ်က မူး ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်
အဆင်ပြေတာမို့..."

မူးတစ်ယောက်ညင်သာစွာပြုံးလိုက်ပြီး...

"တကယ်လဲအဆင်ပြေတာမဟုတ်ဘဲနဲ့

ကိုနက်ကပဲကျုပ်ကိုအားနာနေခဲ့ပြီးပြောင်းပြန်
တွေပြောနေတယ်...

တောင်းပန်ပါတယ်...

သက်သက်မဲ့ ဒီအတောအတွင်း ကိုနက်ကိုပါ
စိတ်ပင်ပန်းအောင်လုပ်ခဲ့မိတဲ့အတွက်"

"မူး တောင်းပန်စရာမလိုဘူးကွာ...
မတောင်းပန်နဲ့

ကိုယ်တကယ်လို့စိတ်ပင်ပန်းခဲ့ရတယ်ဆိုရင်
တောင် ဒါက ကိုယ် ကိုယ်တိုင်ကျေကျေနပ်နပ်
ရွေးချယ်ခဲ့တဲ့လမ်းမို့လို့ ကိုယ်နောင်တမရဘူး...

ဆူးတွေပြည့်နေရင်တောင် ကိုယ်ဒီလမ်းကိုခြေဗလာနဲ့ဆက်လျှောက်နေဦးမှာ...
.
.
.
ကိုယ်အမှန်အတိုင်းပြောတာပါကွာ...
.
.
.
ကိုယ်မင်းကိုချစ်ခဲ့မိလို့...
.
.
.
လုံးဝနောင်တမရခဲ့ဘူး...

အရှိုက်နက်၏နှုတ်ဖျားမှပြောကြားလာသော
စကားများမှာ မူးကိုအနည်းငယ်မျှစိတ်မထိခိုက်
စေချင်လွန်းမှန်းသိသာလှသည်။

Sugar...Where stories live. Discover now