Chapter (32)

1.8K 87 10
                                    

Canadaကနေမြန်မာနိုင်ငံကိုခွင့်ရက်ရှည်
ပြန်လာရတာကမိသားစုတွေဆီအလည်လာတာလို့ပြောရင်မှန်တယ် ဒါပေမဲ့အရှိုက်နက်ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့ဖူးလို့ဘဝ
တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့သလိုအကြီးအကျယ်
အသဲကွဲနေခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကိုစိတ်
ပူလို့်ပြန်လာတာဆိုရင်လည်းမမှားဘူး...

Canadaကိုမသွားခင်ကနောက်ဆုံးအချိန်အထိ
လေဆိပ်မှာမျက်နှာသေနဲ့ကျန်ခဲ့တဲ့သူ့ကိုကြည့်
ပြီးစိတ်တထင့်ထင့်နဲ့ပဲလေယာဉ်ပေါ်ကိုတက်
ခဲ့ရတာ...

အခုတော့လဲသူ့ရဲ့အပြုံးလက်လက်လေးတွေကို
ပြန်မြင်နေရပါပေါ့လား...
အေးပေါ့လေ နှစ်တွေကလဲကြာခဲ့ပြီပဲ...
သူလဲဖြစ်သင့်တာမဖြစ်သင့်တာကိုခွဲခြားချင့်ချိန်
ပြီးသူ့ဘဝသူပြန်တည်ဆောက်နေမှာပေါ့...

ဒါကိုငါကမသိဘဲ နိုင်ငံခြားကပြန်လာလာခြင်း
နန်းရတီဆိုတဲ့မိန်းကလေးအကြောင်းအစသွား
ဖော်မိတယ် ငါ့နှယ်တကယ်ပဲ

ဒါနဲ့ ဒီကောင်ငါ့ကိုတော်တော်စိမ်းကားနေတာပဲ
ဒီအတောအတွင်းဖုန်းလေးတစ်ချက်တောင်မ
ဆက်ဘူး သူ့ဆေးရောင်စုံတွေနဲ့ပဲအလုပ်ရှုပ်နေလားမသိ...

ဒါမှမဟုတ်
နှစ်အနည်းငယ်လောက်အဆက်အသွယ်မရှိခဲ့
လို့ အခင်မင်ပျက်ပြီးသွေးအေးသွားတာလားပဲ

Hak...တကယ်သာအဲ့လိုဆိုရင်တော့
မင်းကိုငါဒီအတိုင်းမထားဘူး ငရှိုက်😡
အိမ်တိုင်ရာရောက်လည်ပင်းလာညှစ်ပြီး
လျှာထွက်ရင်မျက်နှာပြောင်တယ်ဆိုပြီး
ပါးထပ်ချမယ်...

အခန်းထဲမှာတစ်ယောက်တည်းGameထိုင်
ဆော့နေရင်းအတွေးနယ်လွန်နေသောသွေး
သစ်ပိုင်မှာသူငယ်ချင်းဖြစ်သူအားမေတ္တာများ
ပို့သနေလေသည်...

"Hrrrrr. . .ရှုံးပြီကွာ တောက်💢"

TVရှေ့၌Gameထိုင်ဆော့ရင်းပျင်းလာတာမို့
ပက်လက်လှန်လှဲချလိုက်ရာ အနောက်တွင်ရှိသောကုတင်ထောက်တိုင်နှင့်"goutt"ကနဲမြည်
အောင်ခေါင်းနှင့်ဆောင့်မိတော့သည်...

"Ah သေပါပြီ
😄ငါအခုတော်တော်ကိုစိတ်ရှည်နေတာနော်

မင်းရဲ့ခြေထောက်မကျိုးချင်ဘူးဆိုရင်
ငါ့ကိုလာမထိနဲ့ ကြားလားကုတင်စုတ်"

Sugar...Where stories live. Discover now