Chapter (33)

2.4K 111 4
                                    

ရဲစခန်းသို့ရောက်သောအခါ နံရံနားကခုံတန်း
ရှည်မှာထိုင်နေသောအရှိုက်နက်ကိုတွေ့၍
သွေးသစ်ပိုင်တစ်ယောက်အမြန်အနားသွားပြီး

"Hey အရှိုက် မင်းဘာဖြစ်ပြန်တာလဲ ဟမ်"

" ပြန်မယ် "

"Aww အင်း ပြန်ကြမယ် "

ကားမောင်းလာသည့်တစ်လျှောက်လုံးစိတ်မရွှင်
သည့်မျက်နှာဖြင့်ဘေးမှာထိုင်နေသော
သူငယ်ချင်းကိုကြည့်ပြီးသူပါစိတ်မရွှင်မပျ ဖြစ်မှု
တွေကူးစက်လာသည်လေ...

" မင်း...ဘာလို့ရဲစခန်းကိုရောက်နေရတာလဲ
Ha Ha...Busကားပေါ်မှာခါးပိုက်နှိုက်နေတဲ့
မင်းကိုရဲတွေမိသွားလို့လား..."

အရွှန်းဖောက်ကာနောက်ပြောင်ပြောဆိုလိုက်
သော်လည်းအရှိုက်နက်ကမည်သို့မျှမတုန့်ပြန်...

"ငါ့ကိုလဲတစ်ချက်လောက်အဖက်လုပ်ရင်
ကောင်းမယ်"

" မူးမရှိတော့ဘူး "

"မူး . . .

မင်းငါ့ကိုဟိုတစ်ခါမိတ်ဆက်ပေးတဲ့ကောင်လေး
မလား သူကဘာဖြစ်လို့မရှိတော့တာလဲ"

"မူးနဲ့အတူသူ့ရဲ့ညီလေးပါပျောက်သွားတာ
အဲ့ဒါကြောင့် အဲ့ဒါကြောင့် မူးတို့ရဲ့မိဘတွေ
ကလူပျောက်တိုင်တာ
ရဲစခန်းကစုံစမ်းပြီး
ငါကမူးနဲ့သိလို့ မူးမပျောက်ခင်ကအခြေ
အနေတွေကိုမေးမြန်းတာ"

" Aww...သူတို့လေးတွေလဲသိပ်မငယ်
လောက်တော့ပါဘူး မိဘတွေကိုမပြောဘဲ
တခြားနေရာတွေဘာတွေသွားတာဖြစ်မှာပေါ့
နောက်ပြီး သူတို့ကယောကျာ်းလေးတွေလေ
အန္တရာယ်ဖြစ်ခဲ့ရင်တောင် သူတို့ကိုယ်သူတို့
အတတ်နိုင်ဆုံးကာကွယ်နိုင်မှာပါ...
စိတ်ပူစရာမရှိဘူး"

" . . . . . .
ငါနဲ့မူး...ချစ်သူတွေဖြစ်နေကြပြီ "

"ဘာ...မူးကယောကျာ်းလေးမဟုတ်ဘူးလား
မင်းငါ့ကိုလာနောက်နေတာလား"

"မူးကယောကျာ်းလေးဖြစ်တော့ဘာဖြစ်လို့လဲ
မင်းကယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်
ယောက်ပေါင်းစပ်မှ အချစ် လို့မြင်တာလား"

"မဟုတ်ပါဘူး မဟုတ်ဘူး ငါကအံ့သြသွားလို့ပါ
မင်း မူးကိုနှစ်နှစ်ကာကာချစ်တယ်ဆိုရင်ပြီးတာ
ပါပဲ ငါကဒီလိုမျိုးတွေတော်တော်များများကြားဖူး
ပေမယ့် ငါ့အနားမှာရှိတဲ့မင်းကိုတော့မထင်ထား
ခဲ့လို့ပါ...

Sugar...Where stories live. Discover now