Chapter (39)

1.7K 83 13
                                    

" mommy...
ကျွန်တော် ယောကျာ်းလေးတစ်ယောက်ကိုချစ်
ခဲ့တာမဟုတ်ဘူး
မိန်းကလေးတစ်ယောက်ကိုချစ်ခဲ့တာလည်း
မဟုတ်ဘူး

ကျွန်တော်လူတစ်ယောက်ကိုချစ်ခဲ့တာမို့ခွင့်ပြု
ပေးပါ..."

"သား...ဒီဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလား"

" ဟုတ် "

" Inn...ဘဝမှာပျော်ရွှင်ဖို့ကအရေးကြီးတာပဲ
လေ...
သားသိလား...
သားရဲ့daddyနဲ့mommyတို့ကရေစက်ကုန်
တာမြန်လွန်းခဲ့တယ်
ဒါပေမဲ့ mommyသားရဲ့daddyကိုလက်ထပ်ခဲ့လို့နောင်တမရခဲ့ဘူး...
ငါသာတခြားတစ်ယောက်ကိုလက်ထပ်ခဲ့ရင်
အခုလိုမုဆိုးမလဲဖြစ်ရမှာမဟုတ်သလို ငါ့သားအတွက်လဲမိစုံဖစုံရှိနေဦးမှာ...လို့တစ်ခါမှမတွေးဖူးဘူး

သားdaddyကလူ့လောကမှာအကြာကြီးနေရမဲ့
သူတစ်ယောက်မဟုတ်ဘူးဆိုတာကိုကြို ပြီးသိခဲ့မယ်ဆိုရင်တောင် mommy သားရဲ့daddyကိုပဲနောက်တစ်ခါထပ်ရွေးဦးမှာ"

" mommy..."

"သား...ဘဝမှာပျော်ပျော်ရွှင်ရွှင်သာနေသွားပါ
ကွယ် သားရဲ့daddyလဲသားပျော်ရွှင်နေမှာကိုပဲလိုချင်နေမှာပါ"

အေးချမ်းစွာပြုံးရင်းပါးပြင်ကိုလာထိတွေ့ကာပြော
နေသောအမေဖြစ်သူကိုအရှိုက်နက်ကျေးဇူးတင်
မိသည်...

နားလည်မှုအပြည့်ဖြင့် မိသားစုအတွက်ဆိုအရာရာစဉ်းစားပေးလွန်းသောအမေဖြစ်သူကို
လက်ဝယ်ပိုင်ဆိုင်ထားတာက ကံသင့်ခြင်း
တစ်ခုပေမဟုတ်ပါလား...

စိတ်မကောင်းဖြစ်နေသောအငွေ့အသက်လေးများလွှမ်းခြုံနေသည့်မျက်ဝန်းများကိုနီးကပ်စွာ
တွေ့မြင်နေရပါသော်လည်း အရှိုက်နက်အားနာ
ရုံမှတစ်ပါးမတတ်နိုင်ပေ...

မိသားစုကိုတန်ဖိုးထားသူဆီသွေးသားအရင်း
မြေးလေးတစ်ဦးလက်ဆောင်မပေးနိုင်တော့လို့
ပြီးတော့ တစ်ဦးတည်းသောသားကိုဇနီးသည်
တစ်ယောက်ရဲ့ခင်ပွန်းအဖြစ်မမြင်တွေ့နိုင်စေ
တော့လို့တောင်းပန်ပါတယ်...

ဒါပေမဲ့ mommyပြောခဲ့တဲ့အတိုင်း
မူးကိုကျွန်တော်ပြောခဲ့တဲ့အတိုင်း
ကျွန်တော့်ရဲ့ရွေးချယ်မှုအတွက် လုံးဝနောင်တမရဘူး...
.
.
.
ဘယ်တော့မှလဲနောင်တမရမှာသေချာတယ်...

Sugar...Where stories live. Discover now