Truly Madly Deeply

4.6K 227 9
                                    

Truly Madly Deeply
kaihun
######
  Crush ဆိုတာ ဘာလဲ ကျတော် တကယ်ကို မသိခဲ့ဖူး ခင်ဗျား ကိုမတွေ့ခင်အထိပေါ့လေ....
ကျတော် ခင်ဗျား ကို စတွေ့တော့ ကျတော် ကမ္ဘာဟာ ရပ်တန့်သွားခဲ့တယ်.. ခင်ဗျား ဟာ ကျတော် ကမ္ဘာရဲ့ အလင်းစက်လေးတပွင့်ပါ.....
ကျတော်ခင်ဗျား ကို ကျတော် နှလုံးသားနဲ့ အပြည့်ချစ်ပါတယ် ချစ်ရခြင်းတွေက တခါတလေ ပင်ပန်းပေမယ့် ကျတော်ကိုပျော်ရွှင်စေလို့ပါ

ဒါပေမယ့်လေ ကျတော် အချစ်တွေခင်ဗျား ကို မသိစေချင်ဖူး ကျတော်တယောက်ပဲ  တိတ်တိတ်လေး ချစ်သွားချင်လို့ပါ ....ခင်ဗျားကို မပင်ပန်းစေချင်ဖူး
#####

မိုးစက်လေးတွေ ဒီကမ္ဘာပေါ်ကို စတင် ကျလာတဲ့ မိုးရာသီရဲ့နေ့လေးတခုမှာ ကို ကို ကျတော်စတွေ့ခဲ့ပါတယ် ...
အဲဒီနေ့က ကို့ မျက်နှာလေးကို ကျတော် CCTV ကနေ အကြာကြီးငေးကြည့်နေခဲ့တယ် ....

ခင်ဗျားပြုံးရင် သိပ်လှတာပဲလို့ ကျတော်ပြောရင်ယုံပါ

"ကို"
အဲဒါအတွက် ကျတော်ရဲ့ ခင်ဗျားအတွက်ရည်ရွယ်တဲ့ နာမ်စား
ကြိုက်ရဲ့လား

Coffee ဆိုင်လေး အပေါ်ထပ် က ကျတော် ထိုင် နေတဲ့ နေရာကနေ ကျတော် သူ့ ကို ငေးကြည့်နေမိတယ် .... ငေးကြည့်နေရတဲ့ အရသာ ကို အဲလို မျိုးငေးကြည့်ခွင့်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး ကျတော် နှစ်ခြိုက်လာတယ် ...ကျတော် သူ့ ကို စစ်မှန်စွာ ရူးသွပ်စွာ နက်ရှိုင်းစွာ ချစ်တယ်... နာမည်လေးတောင်မသိသေးတဲ့ လူတစ်ယောက်ကို အဲလိုချစ်လို့ရပါသလား ကျတော်မသိ ဒါပေမယ့် ကျတော်အတွက်တော့ သူဟာ ကြယ်တွေလိုပဲ ငေးကြည့်နေရင်းနဲ့ ချစ်မိသွားခဲ့တာ သူကိုတော့ မသိစေချင်ဖူး....ကျတော်ရူးသွားရင် ကောင်းမှာပဲ ..... လို့ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ပေမယ့် ကျတော် ကျေနပ်ပါတယ် ခင်ဗျားရယ်
....အဲဒီနေရာလေးမှာ ကျတော် အမြဲငေးကြည့်နေချိန်တိုင်း ရှိနေပေးလို့ပါ
ကျတော်ရဲ့ ဘယ်ဖက်ရင်အုံအောက်ကနှလုံးသားလေးထဲမှာပဲပေါ့ ခင်ဗျားကို ချစ်မိတဲ့ ကျတော် နှလုံးသားလေးကို ကျေးဇူးတင်မိပါတယ်

####
Truly ❤️

ကျတော် ခင်ဗျားကို စစ်မှန်စွာ ချစ်တယ်

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now