With You

1.3K 70 0
                                    

A/N
ဒီတပုဒ်က အရှေ့ကshort တပုဒ် truly madly deeply အတိုနဲ့ရောအရှည်နဲ့ရော ဆက်စပ်ပြီ အတို တပုဒ်ဖန်တီးထားတာပါ
အတိုဆိုပေမယ့် တော်တော်ရှည်ပါတယ်
စာလုံးရေ ၃ထောင်ကျော်ပါတယ်လို့

With you

ဒါဟာ ကိုယ်နဲ့ မင်းနဲ့ ရဲ့ ကမ္ဘာ..ကိုယ့်လက်တွေရဲရဲတွဲထား ချစ်သူ .......ရှေ့မှာ တားဆီးမယ့် အခက်အခဲတွေ ကို ကိုယ်တို့ရင်ဆိုင်ဖြေရှင်းကြစို့ ......

Ready ?
Let's go

######

သူလက်တွေ ကို ဆုပ်ကိုင်လိုက်တော့ ချစ်သူစီက အပြုံးလေးတခု....
"ကျေးဇူးချစ်သူ"
"အရာရာတိုင်း အတွက် အမြဲရှိနေမယ်နော် "
######

မနက်ခင်း ရဲ့ တောက်ပနေတဲ့ နေရောင်လေးအောက်မှာ တောက်ပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတွေကို ကြည့်ရင်း ဆိုင်လေးကို တံခါးလေးတွေဖွင့်လိုက်တယ်...အမြဲတမ်း နေ့စဉ် လုပ်နေကြ ....ဒီဆိုင်လေးရဲ့ ပိုင်ရှင် ဖြစ်ပြီးကထဲက ..လုပ်နေကြအလုပ်လေးတွေ ထဲက တခု နေ့တိုင်း ဆိုင်လေးမှာ teddy bear 🐻 လက်ကိုင်ပုဝါလေး တွေ ကိုဆိုင်ရှေ့မှာ dream capture လးတွေနဲ့အတူ ချိတ်ဆွဲထားတာ...အဲဒါက ဒီ SeKai World coffee shop လေးရဲ့ အစဉ်အလာ......လေထဲမှာ လွှင့်နေတဲ့ အိပ်မက်လေးတွေကို ဖမ်းဆုပ်ဖို့ ချစ်ရသူစီက အိပ်မက်တွေကို သူဖမ်းဆုပ်ဖို့ပေါ့
ချိတ်ဆွဲပြီး လေထဲမှာ တဖျပ်ဖျပ်လွင့်နေတဲ့ လက်ကိုင်ပုဝါ လေးတွေနဲ့ dream capture လေးတွေ ကိုငေးကြည့်ရင်း ....မျက်ဝန်းတစုံ ကို ပြင်းပြင်းပျပျလွမ်းဆွတ်လာတယ် ...

" Hunnie ရယ် ဘယ်တွေ များထွက်သွားတာလဲကွယ်"
တချိန်တုန်းကသူကို ငေးကြည့်နေခဲ့ဖူးတဲ့ မျက်နက်ဝန်းညိုတစုံကို လွမ်းဆွတ်လာတယ်....

ပြန်လာပေးပါတော့ ကလေးငယ်ရယ် ဒီအလွမ်းတွေက ခုထိ ရင့်သန်တုန်း ကလေးထွက်သွားချိန်ကထဲကရင့်သန်နေတဲ့ ဒီအလွမ်းတွေကို ရိတ်သိမ်းပေးပါအုန်း အဲဒီအချိန်တွေတုန်းကလိုမျိုး ငါကို စောင့်ကြည့်ပေးပါအုန်း ကလေးလေးရယ်...

သတိရလာပြီးနောက်ပိုင်း....သူဘဝထဲက ကလေးထွက်သွား ခဲ့တယ်...
ကလေးက ကျတော် ရှင်သန်ခြင်း အကြောင်းတရားတခုပါ ....
ကျတော် သူကို ရူးသွပ်နက်ရှိုင်းစွာ ချစ်မိသွားခဲ့တာ သူကျတော်ဘဝထဲက ထွက်သွားပြီးကထဲက .....

SeKai KaiHun  🐻🧡🐣 one shotOù les histoires vivent. Découvrez maintenant