Farewell my love

887 117 1
                                    

မိုးတွေရွာနေတာကို ငေးကြည့်နေရင်း တစ်စုံတစ်ယောက်ကို လွမ်းလာတယ်
ဝရံတာ က တံခါးပေါက်ကိုဖွင့်ချလိုက်တယ် မျက်နှာကို လာရောက်ထိမှန်နေတဲ့မိုးစက်တွေ မိုးရေတွေထဲမှာချစ်ဖူးတဲ့ နှလုံးသားတခု ကို ပြန်တွေးမိတော့ ကြည်နူးမိလာတယ်
"ကျွန်တော် မျက်ရည်တွေကျနေတယ် ခင်ဗျားရယ် လွမ်းတယ် "
ဘယ်ဖက်ပါးပြင်မှာ မျက်ရည်စီးကြောင်းတခုက
နှလုံးသားရှိရာ ဘယ်ဖက် ရင်အုံပေါ်ကို စီးကျသွားခဲ့တယ် နှလုံးသားလေးနေရာလေးလက်ဖဝါးလေးခပ်ဖွဖွလေး တင်လိုက်ရင်း
"လွမ်းတယ် ငယ် လွမ်းနေတာ ကိုကြီးသိတယ်မလား"
လက်ဖဝါးအောက်က
ခုန်လှုပ်နေတဲ့ နှလုံးသားက သက်သေပြလေရဲ့
"ချစ်တယ်"

မျက်ဝန်းတွေမှိတ်ချလိုက်တော့ ရှင်သန်လာတဲ့အတိတ်တွေ ခမ်းနားလွန်းတယ်
🐻❤️🐣

Seoul အထက်တန်းကျောင်း စာသင်ဆောင် 94

တခန်းလုံးဆူညံ့ပွက်လောရိုက်နေတဲ့အသံတွေ က ဆရာမနဲ့ အတူပါလာတဲ့ အသားအရေ ဖြူဖြူဖွေးဖွေး လုံးလုံးတုတ်တုတ် ချစ်စရာ ကောင်လေးတစ်ယောက်ကိုအမြင်မှာ ငြိမ်ကျသွားလိုက်ကြတာများ အပ်ကျသံတောင်ကြားရမယ်ထင်မိတယ်
"Annyeongsaeyo Sehun mutha" နုတ်ဆက်လိုက်သံလေးကြားလိုက်ရချိန် တတန်းလုံး အသည်းတွေယားသွားကြတယ်
"သား ဟို မှာတွေ့လား Jongin ဘေးမှာခုံအလွတ် သွားထိုင်နော် Jongin ဟဲ့ကောင်လေး အိပ်နေပြန်ပြီလား ဟဲ့ဒီကလေးတော့ သားသွားထိုင်လိုက်တော့"
"ဟုတ်ကဲ့ "
Sehun ထိုင်ရမယ့်နေရာကိုအရောက် သမ်းဝေရင်း ထလာတဲ့ အသားညိုညိုနဲ့ ကောင်လေး
"ကျွန်တော်ဒီမှာထိုင်မယ်နော် "လို့ပြောရင်း ထိုင်လိုက်တယ် သူကတော့ တဖက်လှည့်အိပ်သွားလေရဲ့
ဘယ်သူသိမှာလဲ တဖက်လှည့်သွားတဲ့ကောင်လေးက ချစ်ဖို့ကောင်းစွာပြုံးနေမယ်လို့
ညနေကျောင်းဆင်းချိန်တိုင်း အိမ်ကလာကြိုတဲ့ ကားလေးပေါ်ပါသွားတဲ့ဖြူဖြူစွပ်စွပ်ကောင်လေးကိုငေးကြည့်ကာ အဲဒီလာကြိုတဲ့ကားလေး ထွက်သွားမှသာ အိမ်ပြန်တဲ့ ညိုချောကောင်လေး

"Hunnie"
လှည့်ကြည့်လာတဲ့အံ့သြတကြီး မျက်ဝန်းလေးတွေ ကို ငေးကြည့်ရင်း
"သူငယ်ချင်းလုပ်ကြရအောင် hunnie"
တဖြေးဖြေး ပြုံးလာတဲ့ မျက်ဝန်းလေးတွေ ကမ်းပေးလိုက်တဲ့ နူးညံ့တဲ့ လက်ဖြူဖြူသွယ်သွယ်လေးကို ဆုပ်ကိုင်ရင်းပြောလိုက်တယ်
"ကိုကြီး က Jongin ပါ "
ပြုံးပြလာတဲ့ အပြုံးလေးတွေ ဖြူစင်လေရဲ့
အဲဒီနောက်တော့ အဖြူရောင် သံယောဇဉ်ကြိုးလေးစတင်သက်ဝင်ငြိတွယ်လာခဲ့လေရဲ့

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now