သူ..... မင်းကို ဘယ်တော့မှ

1.1K 99 4
                                    

သူ ... မင်းကို ဘယ်တော့မှ

KaiHun / SeKai

🐻🐥❤️🐥🐻

31st October 2018

ချစ်သော 🐥 Sehunnie teaser အတွက်

ချစ်သော 🐥အတွက်

# # #
ကျတော်တို့နှစ်ယောက်ရဲ့ အချစ်က အေးစက်နေခဲ့ပြီ လား  ဘယ်အချိန်တုန်းက အေးစက်သွားခဲ့တာလဲ ကလေးငယ်ရယ် 
ကိုယ်ကတော့ ချစ်မြဲ ချစ်ဆဲ ကိုယ်နှလုံးသားက  ကလေးကို သာ စောင့်ဆိုင်းဆဲ

အခန်းလေးရှေ့ရပ်ရင်း သက်ပြင်းချလိုက်တယ် အခန်းထဲမှာ သူ့ချစ်ရသူ ကလေး ရှိနေတယ်ဆိုတဲ့အသိက ရင်ကိုခုန်စေတယ်

8894
Password ကိုရိုက် လိုက်ပြီး တံခါးကိုဖွင့်လိုက်ချိန် နုတ်ခမ်းဖျားပေါ်က အပြုံးတပွင့် ....

"အင်း...passwords change ခိုင်း အုန်းမှပါ"
ရင်ထဲက စစ်ကနဲ တချက် နာကျင်သွားတာကို ဥပေက္ခာပြုလို့ သူ့အခန်း ဟင့်အင်း သူတို့နှစ်ယောက်ရဲ့အခန်းလေးထဲ က သူ့အဝတ်ဗီဒိုကိုဖွင့်လို့  သူလိုအပ်တဲ့ ပစ္စည်းတွေသာယူလိုက်တယ်...
အရင်အတိုင်းပါပဲ သူထားခဲ့တဲ့အတိုင်း ရှိနေဆဲအဝတ်အစားတွေ မျက်ရည်တစက်ကျသွားတယ် သူ့အငွေ့အသက်တွေရှိနေတဲ့အခန်းလေး  သူ့အိပ်တဲ့ခေါင်းအုန်းလေးနားသွားလို့ ခေါင်းအုန်းလေးကို နမ်းမိစဉ် ရနေကျ  လာဗင်ဒါ အနံ့ သင်းသင်းလေး သူနမ်းရှိုက်လိုက်တယ် "လွမ်းတယ် ကလေးငယ်"

အဝတ်အစားအနည်းငယ်ကို ထည့်နေစဉ်
ရေချိုးခန်းတံခါးပွင့်သွားရင်း ကလေး ထွက်လာတယ် ခေါင်းသုတ်ပြီး ထွက်လာတဲ့ကလေး

"ဩော် ရောက်နေတာလား"
အေးစက်နေတဲ့လေသံနဲ့ပြောလိုက်တဲ့  သူ သူရဲ့ ကလေးငယ် သူ့ဘဝ လေး

"Sehunnie  နေကောင်းတယ်နော်ခေါင်းလျှော်ထားတာ ရေသုတ်လိုက်ပါအုန်း ပြီးရင် dryer မုတ်အုန်း ရာသီဥတုကအေးတယ် နော် ဖျားမယ် "

"ခင်ဗျားအပူမပါဖူးလို့ထင်တာပဲ ကျတော် ဘာဖြစ်ဖြစ်ပေါ့   ခင်ဗျား အင်္ကျီ ယူမလို့မလား ယူလေ ပြီးရင်သွားတော့"

ကွက်ကနဲပျက်သွားတဲ့သူ့မျက်နှာ မကြည့်ရက်စွာ တဖက်လှည့်လို့  Sehun  အဝတ်အစားလဲလိုက်တယ်

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now