The Boy who can't see me

1K 69 6
                                    

ကျတော်သူကိုထာဝရငေးမောနေချင်တယ်
ခင်ဗျားသိရဲ့လား ကျတော် ခင်ဗျားကို ငေးမောနေချင်တာကိုလေ
ကျတော် အတွက် ခင်ဗျားက အဝေးကြီးက ကြယ်ပါ ဘယ်တော့မှ နီးစပ်လာမှာမဟုတ်တဲ့ ကြယ်ပေါ့
ဒီအတိုင်းလေးပါပဲ ခင်ဗျားနောက်တကောက်ကောက်လျှောက်လိုက်ရင်း ခင်ဗျားကိုငေးကြည့်ရင်း ခင်ဗျားစိတ်ပျော်လို့ ရီမောနေတာမျိုးဖြစ်ဖြစ် ခင်ဗျား စိတ်ဓာတ်ကျလို့ စိတ်ညစ်နေတာပဲဖြစ်ဖြစ်ပေါ့ ကျတော် ခင်ဗျားပျော်အောင် လုပ်ပေးချင်တာပါ
ကျတော်လုပ်ပေးနိုင်တဲ့အတိုင်းအတာဘောင်လေးအတွင်းမှာပေါ့လေ
ခင်ဗျားမသိအောင် ခင်ဗျားနောက်ကကျတော်လိုက်ကြည့်ရရင် ကျတော်ပျော်တယ် ခင်ဗျား အတွက်လို့ရည်စူးတဲ့ ကြယ်လေးတွေစိတ်ကူးနဲ့ခေါက်တယ် ဘယ်တော့မှမပေးဖြစ်တဲ့ ပုလင်းလှလှလေးတွေထဲမှာသိမ်းထားတယ် သိလား ပုလင်းလေးတွေလဲ ခင်ဗျားပုံလေးတွေပဲလေ

တခါတလေကြတော့လဲ ခင်ဗျားမသိတဲ့ ချစ်ခြင်းတရားက အတ္တတရားစွက်ဖက်လာတာများ ခင်ဗျားအပေါ် ခင်ဗျားတောင်မသိပဲ ကျတော်က သဝန်တွေတိုနေ ပူလောင်နေကောပဲ Kai ရဲ့
အထူးသဖြင့် ခင်ဗျား ရဲ့ ချစ်သူ ကို ခင်ဗျား ကြင်နာယုယနေတဲ့အချိန်ပေါ့
ခင်ဗျားက သိပ်ချစ်တတ်တဲ့ယောင်္ကျားတစ်ယောက်ဆိုတာကျတော်သိပါတယ် ခင်ဗျားချစ်သူကလဲဒီကမ္ဘာလောကကြီးမှာကံအကောင်းဆုံးဆိုတာကျတော်သိပါတယ်

စိတ်တွေမွန်းကျပ်လာလို့ဆေးလိပ်တလိပ်ကို နုတ်ခမ်းဖျားမှာ ချိတ်လို့မီးညှိလိုက်တယ်
မီးခိုးငွေ့တွေမှုတ်ထုတ်လိုက်တယ်
ခင်ဗျားကိုမြင်ရပြန်ပြီ Kai
မီးခိုးငွေ့တွေကြားမှာ ပြုံးနေတဲ့ခင်ဗျားက ကျတော် အရူးရင့်စေတဲ့ အပြုံးနုနုတွေ ကို သိပ်လှတဲ့ နုတ်ခမ်းလေးမှာချိတ်ဆွဲလို့

ဆေးလိပ်သောက်တာ ကိုယ်မကြိုက်ဖူး

အရင်တုန်းက ပြောခဲ့ဖူးတဲ့ စကား ပြန်ကြားရင်း လက်ထဲက ဆေးလိပ် ကို မီးငြိမ်းလိုက်တယ် ကျတော် လိမ္မာတယ်မလား ခင်ဗျား
စီးကျလာတဲ့မျက်ရည်တွေကို ပွတ်သုတ်လိုက်တယ် ကျတော် ချစ်တဲ့ ခင်ဗျားက ကျတော် မျက်ရည်ကျတာ ကိုမကြိုက်ဖူး
ကျတော်က ခင်ဗျားကိုချစ်တယ် ခင်ဗျားစကားကို နားထောင်တဲ့ ခပ်ညံ့ညံ့ကောင်တစ်ကောင်ပါ
ခင်ဗျားနဲ့ ပတ်သပ်တဲ့ အရာရာ ကိုကျတော်ချစ်တယ်
ခင်ဗျားကောင်မလေး ကိုလဲ ကျတော် မနာလို မဖြစ်ပါဖူး
ဒါဟာ ဖြစ်သင့်တဲ့ အချစ်တခုပဲလေ
ခင်ဗျားကို ကျတော်က ချစ်မယ်
ခင်ဗျားက သူကိုချစ်ပေါ့

ခင်ဗျား ကျောပြင်ကို ကျတော် ကြည့်မယ်
ခင်ဗျားက သူကို အပြုံးလေးတွေကိုပေးပေါ့
ခင်ဗျားပျော်ရွှင်ရခြင်းက ကျတော် အတွက် ကောင်ကင်ဘုံ ပါ

ကျတော် ငရဲကိုတော့ကျတော်ဘာသာပဲကျတော် ဖန်ဆင်းထားပါတယ်
ကျတော် ခင်ဗျားကိုချစ်တယ် Kai

နုတ်ဆက်ပါတယ် Kai

Goodbye

နောက်ဘဝမှာတော့ ခင်ဗျား က မြင်နိုင်တဲ့သူ
ခင်ဗျားချစ်တဲ့သူဖြစ်ချင်တယ်

Yours

စာအုပ်လေး ကို ရင်မှာပိုက်လို့ မျက်ရည်တွေနဲ့ငိုကြွေးနေတဲ့ လူတစ်ယောက် ရှိလေရဲ့

ကိုယ်လဲ မင်းကို

-

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now