ထာဝရ အတွက်

865 104 0
                                    


SeKai
🐣🧡🐻
ထာဝရအတွက်တစ်ယောက်ထဲပါပဲကလေးငယ်

ဘယ်သူကိုဘယ်သူကနုတ်ဆက်တာလဲမသိတော့လောက်အောင်ပါပဲ အသိစိတ်တွေများ ဝေဝါးလို့
"သွားတော့မယ် "ဘယ်သူကနုတ်ဆက်တာလဲ
ကျောခိုင်းလို့သွားတဲ့ကျောပြင်ကျယ်ငေးကြည့်စဉ်
"Yah >< Kim Jongin ထစမ်း ထဆို " လှုပ်နှိုးမှု့တခုကြောင့်လန့်နိုးလာတဲ့ အိပ်မက်ဆိုး
နှိုးပေးတဲ့သူကို ကျေးဇူးတင်စွာ သေချာမကြည့်ပဲ ဖက်လိုက်စဉ်
"Yah Kim Jongin မင်းဘာလို့သေမလိုဖက်နေရတာလဲ လွတ်စမ်း"
အနားမှာ ပျံ့လွှင့်လာတဲ့ ရေမွှေးနံ့သင်းသင်းလေးကြောင့် နဂိုက မှိတ်နေတဲ့ မျက်လုံးက auto ပြူး
ဖက်ထားတဲ့သူကိုကြည့်လိုက်စဉ် "အား sorry sorry jun Hyung"
ယုန်တကောင်၏ အကြည့်ထက် သူကို စူးစိုက်ကြည့်နေတဲ့ ကြက်ပေါက် အဲ အခုတော့ အဖြူရောင်လေးနဲ့ဆိုတော့ ကြောင်ပေါက်စလေးတစ်ကောင်နဲ့ပိုတူနေတဲ့ hunnie ကြောင့် "အဟီး" သွားဖြီးပြီးရီပြလိုက်တယ်
မျက်စောင်းတချက်ထိုးသွားတာမို့ တံတွေးတချက်သာမျိုချလိုက်ရတယ် ကြောက်ရတယ်လေ
အိပ်မက်အကြောင်းတွေးမိစဉ်မှာစိတ်အစဉ်က မှိုင်းညို့သွားတယ်
ခေါင်းကိုခါလို့ ရေချိုးခန်းဝင်ရင်း မြန်မြန်လုပ်ရတယ်
အခန်းအပြင်ကိုထွက်လာစဉ် chanyeol Hyung နဲ့ စကားပြောနေတဲ့ သူ
သူ ကျွန်တော် ကို ဂရုမစိုက်တာကြာပြီ
"Jongin လာ လာ ထမင်းစား ဒီနေ့ ကျောင်းသွားမှာလား "
ဘေးမှာဝင်ထိုင်လိုက်တဲ့ ငယ်ကြောင့် နို့ခွက်ကလေးကိုသူရှေ့ကိုပို့ပေးလိုက်ရင်း
"ဟုတ် hyung tuto ရှိတယ်"
"အေး ဒါဆို ငယ်လေး ကို ချန်း က "
"ရတယ် ကျွန်တော်ပဲပို့ပေးလိုက်မယ်အဟမ်း"
ချန်းယောလ် ကို ကြည့်တော့ ငါသိပါတယ်ဆိုတဲ့အကြည့်ကြောင့် စားလက်စက နင်သွားကာ ရေနဲ့မျောချရတယ် စားပြီး ငယ်လက်ကလေးဆွဲကာ ကားတံခါးဖွင့်ရင်း
ကားပေါ်ကို တက်ခိုင်းရတယ်
ခါးပတ်ကိုပါတခါထဲဆွဲပတ်ပေးစဉ် နွေးသွားတဲ့ပါးလေး သူ့အပြုံးတွေရပ်တန့်မရ
ငယ်ဆိုတဲ့ အိုဆယ်ဟွန်းလေးဟာ ဒီကောင် ကင်ဂျုံအင်း ရူးအောင်တမင်တကာ လုပ်ဖို့ ဘုရားသခင်ကဖန်ဆင်းပေးလိုက်တာပဲ
"ကိုကို ငယ် bubble tea သောက်ချင်တယ် ဝယ်တိုက်"
နုတ်ခမ်းလေးစူလို့တောင်းဆိုလာတာမို့
စူနေတဲ့နုတ်ခမ်းလေးကိုဖိကပ်နမ်းလိုက်ရင်း "တိုက်မှာပေါ့ငယ်ရယ် ငယ့်သဘောအတိုင်း အကုန်ဖြစ်စေ"
"ကိုကို ကိုချစ်တယ် "
ကင်ဂျုံအင်း အပြုံးတွေတောက်ပလို့
"ကိုကို လဲငယ်ကို အရမ်းချစ်တာ သိတယ်မလား ငယ်"
ပြုံးနေတဲ့မျက်ဝန်းလေး က ကဗျာတပုဒ်အလား
ငယ်ရေ ချစ်တယ် ကိုကို အသက်လေး

"ကိုကို မနက်က အိပ်မက်တွေမက်နေတာလား" ဆယ်ဟွန်းမေးလိုက်တော့ မှိုင်းညို့သွားတဲ့ကိုကို မျက်နှာလေး
"ဟုတတယ်ငယ် အိပ်မက်ထဲမှာငယ်က ကိုကို ကို ထားသွားတာ" မျက်နှာလေးငယ်လို့ နုတ်ခမ်းလေးမဲ့ကျသွားရင်း ပြောလာတဲ့ကိုကို
"ကိုကို ငယ်က ကိုကိုကို အရမ်းချစ်လို့ ငယ်ဖက်ကအရင်ဖွင့်ပြောထားတာ ကိုကိုကိုထားသွားဖို့ဆိုတာ ငယ်သေ သွားမှပဲဖြစ်မယ်"

နုတ်ခမ်းလေးကိုလှမ်းပိတ်လိုက်တဲ့ကိုကို လက်လေးကို နမ်းလိုက်ရင်း "ဒါကြောင့်အဲဒီလိုတွေလျှောက်မတွေးနဲ့ ကိုကို ကို ငယ်က အရမ်းချစ်တာ"
"ကိုကိုလဲအရမ်းချစ်တယ်ငယ်ကို အရူးလိုပဲချစ်တယ်"
လက်ချောင်းလေးတွေသွယ်ယှက်လို့ နုတ်ခမ်းလေးနားကပ်ကာနမ်းလိုက်တဲ့ငယ့်အနမ်း
"ကိုကို "လို့တောက်လျှောက်ခေါ်နေတာမို့ ဂျုံအင်း အပြုံးတွေက ထိန်းမရ
"ကိုကိုက ငယ်အတွက် တဦးထဲသော ချစ်ရသူပါ ကိုကို အရမ်းချစ်တာ "
"ကိုကို ရောပဲ ချစ်တယ် ငယ် Sehunnie ထာဝရအတွက်ငယ်တစ်ယောက်ထဲပါပဲ "
"ထာဝရဆိုတာထက်ပိုတယ် ကိုကို ကိုကို ကို ငယ်က အချိန်တိုင်းချစ်တာ"
အနမ်းလေးက နုတ်ခမ်းဖျားလေးပေါ်မှာကပ်ညှိလို့
အနမ်းလေးကို ပိုနက်ရှိုင်းစွာ အသက်သွင်းနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ငြိမ်းချမ်းတဲ့ အချစ်တွေကလဲ ထာဝရပါပဲ

Kai🧡Sehun
မနေ့ကထွက်တဲ့ momentsတွေကြောင့် ဒီနေ့ထိုင်ရေးနေတာ တနေကုန်သွားတယ်
အာရ်အက်စ်တွေများ တကယ်လေးစားတယ်
ထွက်မလာတော့ဖူးထင်နေတာကို
အသွားတုန်းက Kim Jongin ကြည့်လိုက်တဲ့အကြည့်လေးကြောင့်သနားနေတာ
အခုတော့ အပျော်လွန်နေပြီ
Moment မထွက်လို့ မရေးပဲနေနေတာ momentထွက်တော့ရေးမိကော
Long Fic တခုလဲရှိသေးတာမို့ walls ထဲလာရှာပေးပါ ဖတ်ပေးပါအုန်းလို့အသစ်ကတော့ ကြာမှာပါ အရင်ကဇာတ်တွေနဲ့မတူအောင်ကြိုးစားထားတာမို့ဖတ်ပေးပါအုန်း
Good night ပါလို့

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now