My Little Bear

1K 114 13
                                    

SeKai
🐣♥️🐻

ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျသွားတဲ့ ဝက်ဝံလုံးလေး ကို Sehun ငေးကြည့်နေမိတယ်
မခြောက်သေးတဲ့ မျက်ရည်စလေးတွေကို လက်လေးနဲ့ဖွဖွ ဖယ်ပေးလိုက်တယ်
"ဟက် ချစ်စရာ ပူတူးခါခါအီအီလေး"
စူထွက်နေတဲ့ နုတ်ခမ်း ထူထူအိအိလေးကို ဆွဲငုံတော့ မလွတ်နိုင်စရာ ချိုချဉ်နံ့လေး နဲ့ ချိုမြိန်မှု့လေးရတယ်
ခပ်ဖွဖွစုပ်ယူနေတော့ အိပ်ပျော်နေတဲ့ကောင်ငယ်လေးက အင့်ကနဲ လှုပ်ရွလာတာကြောင့် လွှတ်ပေးလိုက်ရတယ်
အိပ်ဖို့ကြိုးစားနေချိန် ရယ်
အိပ်မောကျနေချိန်ရယ်က ဗုံးနဲ့ စနက်တံ လိုပင် နည်းနည်းမှထိမရ
အခုလဲကျောပြင်လေးကိုပွတ်သပ်ပေးရင်း ကျွတ်သပ်ရတော့တယ်
"အေးအေး ခါခါအီအီလေး အိပ်အိပ်" ဖင်လုံးလုံးလေးကိုပုတ်ပေးကာ သိပ်တော့မှ ပြန်အိပ်မောကျသွားပုံရတာကြောင့်ဆယ်ဟွန်း သက်ပြင်းချရတယ်
နဖူးလေးကိုပဲဖွဖွနမ်းလို့ "ချစ်တယ် ခါအီလေး"
🐣♥️🐻

"ကိုကြီး ထတော့"
ပါးပြင်လေးပေါ်ကစိုစိစိုစိလေးနဲ့အထိအတွေ့လေး နဲ့ အသံအီအီလေး
ဆယ်ဟွန်း နိုးနေပေမယ့် သူကိုစချင်တာကြောင့် ဆွဲဖက်လိုက်ရင်း ရင်ခွင်ထဲပွေ့ပိုက်ထားတော့ စစ်ကနဲ နာသွားရတာ ရင်ဘတ်ပေါ်ကိုကိုက်လိုက်တဲ့ သွားထက်ထက်ကလေးတွေကြောင့်ရယ်သာ  "ကိုကြီး ထတော့ဆို ဘေဘီ ဗိုက်ဆာနေပြီ"
ဆယ်ဟွန်း မျက်လုံးတွေဖွင့်ကြည့်ရင်း "Aigoo ကိုကြီးခါအီလေးဗိုက်ဆာပြီလား"
နုတ်ခမ်းစူလေးနဲ့ခေါင်းလေးငြိမ့်ပြလာတဲ့ခါအီလေး
"ချစ်လိုက်တာကွာ" ပါးလေးဆွဲတော့ ဘေဘီကပါ Sehun ပါးကိုပြန်ဆွဲရင်းနုတ်ခမ်းကိုဖျက်ကနဲ တချက်နမ်းကာ
"ခါအီ လဲချစ်တယ် ကိုကြီးမြန်မြန်လုပ်ကွာ"
"အေးပါကွ ခဏ"
ရေချိုးခန်းဝင်မျက်နှာသစ်ရင်း ရေပါတခါထဲချိုးရင်း ထွက်လာတော့ အိပ်ယာခင်းတွေလဲနေတဲ့သူ မျက်နှာလေးက ရှက်သလိုလေးမို့ Sehun သိလိုက်တယ်
မနေ့ညက စွန်းပေသွားတဲ့ အစွန်းအထင်းတွေကြောင့်မို့ ဒီကလေး ရှက်နေပြန်ပြီဆိုတာ
"ဘေဘီရယ် ရှက်နေပြန်ပြီလား"
"မသိဖူး"ဆိုတိုးဝင်လာတဲ့ ကိုယ်လုံးလေးကိုရင်ခွင်ထဲပွေ့ပိုက်ထားရတော့တယ်
"နောက်ဆို အိပ်ယာပေါ်မှာ "
"အင်း အိပ်ယာပေါ်မှာ ဘာဖြစ်တုန်း"ဆယ်ဟွန်း စလိုက်ချိန်မှာတော့ "ကိုကြီးနော် မစနဲ့"
ပိုက်ပွေ့ထားတဲ့ ကိုယ်လုံးလေးကိုဖျစ်ညစ်ကာ "သိပ်ချစ်တာပဲကွာ"
ရင်ခွင်ထဲက ဝက်ဝံလုံး ခါအီလေးက ငြိမ်သက်လို့

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now