GoodNight

855 89 39
                                    

EXO ရဲ့ Good Night လေး နဲ့ဖတ်ရင် ပို မိုက်မယ်

GoodNight
KaiHun
🐻❤️🐣

ဒီကမ္ဘာမှာ ဆုတောင်းခြင်းတွေသာပြည့်မယ်ဆို မင်းရဲ့ ညလေးတွေ က အမြဲတမ်း GoodNight ပါ ကလေးရယ် လို့ ကိုယ်မင်းအတွက်
ဆုတောင်း ပေးချင်ပါတယ်
ကိုယ် မျှော်လင့်ချက် ကလေး GoodNight ပါကွာ

အိပ်မောကျနေတဲ့ ကလေးကို သူ ငေးကြည့်နေမိတယ် ဆံပင်လေးတွေ နဖူးလေးပေါ်မှာဝဲကျနေတာ မျက်တောင်တိုတိုစိတ်စိတ်ကလေးတွေ နဲ့ မှိတ်ထားတဲ့မျက်ဝန်းလေးတွေကို သူငေးကြည့်မဝပါ
ပါးပြင်လေးက ပန်းနုရောင်သန်းနေတာ သေချာစိုက်ကြည့်ရင် သွေးကြောလေးတွေပါပေါ်နေတာ နုတ်ခမ်းသေးသေးနီတာရဲလေး မေးစေ့ချွန်ချွန်လေး နဲ့ ကလေးငယ်လေး

သူဘေးနားလေးမှာလှဲအိပ်လိုက်တယ် ကလေးလေးကတော့ နှစ်ခြိုက်စွာအိပ်မောကျနေကာ ဟောက်သံသေးသေးလေးတွေတောင်ထွက်နေတာမို့ ပြုံးမိတယ်
"Good Night ကလေးငယ် လှပသော အိပ်မက်တွေသာ မက်ပါစေ"
အဖြူရောင်တောင်ပံတွေကို သိမ်းလိုက်တယ်
ခနနေရင် သူ့တာဝန်တွေ ပြီးဆုံးတော့မယ် ရှည်လျားတဲ့နေ့တာကြီးကို သူဖြတ်ကျော်ရပေအုန်းမယ်
ကလေးငယ်လေး ဒီနေ့ ကျောင်းပိတ်ပါစေ လို့တွေးမိတော့ သူ့ပြုံးမိတယ်
ဟော ကလေးလေးအိပ်မက်တွေကောင်းနေပြီအိပ်နေရင်းပြုံးနေတဲ့ ကလေးမျက်နှာလေး
"ချစ်လိုက်တာ ကလေးရယ်"
နဖူးလေးပေါ်ခပ်ဖွဖွအနမ်းလေးတပွင့်
ကလေးအိပ်နေတာလေးငေးကြည့်ရင်း တခုခုကတွန်းအားပေးလိုက်သလိုဖြစ်တာမို့ Kai ကလေး ကိုနုတ်ဆက်လိုက်တယ်
"သွားတော့မယ် ကလေး ညမှပြန်တွေ့မယ် "
နေရောင်ခြည်လေး စတင်လင်းလက်လာသော မနက်ခင်း အာရုဏ်တက်ချိန်လေးမှာ တော့ Kai ဝင်ရမယ့် တံခါးပေါက်လေးက ပေါ်လာကာ kai လဲ တံခါးပေါက်ကလေးကနေ ဝင်လိုက်ချိန် အခန်းထဲရောက်လာတဲ့ နေရောင်ခြည်တစ ကြောင့် အခန်းလေးက တဖြေးဖြေးလင်းလက်လာတယ်
မျက်လုံးလေးတွေ ဖွင့်လာတဲ့ ကောင်လေး
"အားအိပ်မက်မက်ပြန်ပြီ"
"အား ရင်ခုန်လိုက်တာ"
"ခင်ဗျားဘယ်သူလဲဟင်"
ကုတင်ပေါ်မှာ စောင်လေးကို မျက်နှာအုပ်လိုက် ပြန်ဖယ်လိုက်နဲ့ တယောက်ထဲ အိပ်မက်အကြောင်းပြန်တွေးနေတဲ့ကောင်လေးကို ကောင်လေးအခန်းထဲ လှို့ဝှက်စွာ ရှိနေတဲ့ ဝင်္ကပါ လိုလို ပန်းချီကားချပ်ကြီးထဲက  အဖြူရောင်တွေသုံးထားတဲ့ အိမ်သေးသေးလေးထဲက ခေါင်းမှာ crown လေးတပ်ထားတဲ့ ချောမောလှတဲ့ Angel လေးတစ်ယောက်ကလဲ  မြင်နေရတဲ့ ကြေးမုံပြင်ကြီးကိုကြည့်ပြီး ကြည်ကြည်နူးနူးပြုံးလို့
"ကိုယ့်ကြောင့် ကလေးအိပ်မက်တွေလှပနေတာကို ကြိုက်ပေးလို့ကျေးဇူးပါ See You at night "

SeKai KaiHun  🐻🧡🐣 one shotWhere stories live. Discover now